ဆားဝမ်း၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ယခုရက်ပိုင်းများတွင် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ၏ ဝါအဓိကထုတ်လုပ်သည့်ဒေသ ဆားဝမ်းမြို့ ရှိ ဝါခင်းများတွင် စည်ကားလျက်ရှိရာ ဝါကောက်စက်သံများ စိုက်ခင်းတွင်ကြားနိုင်သလို ဝါဂွမ်းအပြည့်တင်ဆောင်ထားသည့် ထရပ်ကားများ မှာလည်း ကျေးလက်တောရွာလမ်းကလေးများတွင် ဖြတ်သန်းသွားလာနေသည်ကို တွေ့မြင်နိုင်သည်။ ဝါစိုက်ပျိုးသူများ စိုက်ပျိုးကာလမလစ်ဟင်းရအောင် အချိန်လုဆောင်ရွက်လျက်ရှိ ရိတ်သိမ်းပြီး ဝါဂွမ်းများအား...
ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ) ကိုယ်ခံအား အတားအဆီး ပိုမို ခိုင်မာစေဖို့ လက်ရှိ တရုတ်နိုင်ငံ ပေကျင်းမြို့ ဒေသအသီးသီးတွင် အားဖြည့် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်လျက်ရှိကြောင်း သိရသည်။ လက်ရှိအဆင့်တွင် ရောဂါကူးစက်ပြန့်ပွားနိုင်မှုအန္တရာယ်မြင့်မားသည့် အဓိက လူအုပ်စုများကို ဦးတည်၍ လုပ်ငန်းဌာနအသီးသီးမှတစ်ဆင့် တစ်စုတစ်စည်းတည်း ကာကွယ်ဆေးထိုးနှံရန် စီစဉ်ပေးလျက်ရှိသည်။ ကာကွယ်ဆေးထိုးနှံထားသည့်အချိန်ကြာလာသည်နှင့်အမျှ အချို့ကာကွယ်ဆေးထိုးနှံပြီးသူများ၏ ကိုယ်ခံအားလျော့နည်းလာခြင်းကြောင့်...
မော်စကို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်က ကိုဗစ်-၁၉ ရောဂါကူးစက်မှုများနှင့် ဆက်စပ်သောသေဆုံးမှုများ မြင့်တက်လာခြင်းကို တားဆီးရန် အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၇ ရက်အထိ နိုင်ငံတစ်ဝန်း အလုပ်လုပ်ရက်မဟုတ်သောနေ့များတွင် လစာပေးထားခြင်းစတင်ရန် အဆိုပြုချက်ကို ထောက်ခံကြောင်း အောက်တိုဘာ ၂၀...
ဝါရှင်တန်၊ အောက်တိုဘာ၂၁ရက် (ဆင်ဟွာ) အမေရိကန်အစားအသောက်နှင့် ဆေးဝါကွပ်ကဲရေးဦးစီးဌာန (FDA) ၏အတည်ပြုချက်ရရှိရန် ဆိုင်းငံ့ထားသော အသက်၅နှစ် မှ၁၁နှစ်ကြားကလေးများအတွက် COVID-19 ကာကွယ်ဆေးထိုးမည့် အစီအစဉ်ကို အိမ်ဖြူတော်ကအောက်တိုဘာလ၂၀ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်းသိရသည်။ အောက်တိုဘာ၂၆ရက်တွင်ကျင်းပမည့် FDA ၏လွတ်လပ်သောအကြံပေးကော်မတီအစည်းအဝေးနှင့် နို၀င်ဘာ၂ရက်မှ၃ရက်အထိ ကျင်းပမည့် CDC’s (အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာများ) ၏လွတ်လပ်သောအကြံပေးကော်မတီအစည်းအဝေး မတိုင်မီကြိုတင်မျှော်မှန်းလျက် အောက်တိုဘာ၂၀ရက်တွင်ဘိုင်ဒန်အစိုးရအဖွဲ့ကအကယ်၍အသက်၅နှစ်မှ၁၁နှစ်ကြား ကလေးငယ်များအတွက်ကာကွယ်ဆေးတစ်မျိုးအား...
နယူးဒေလီ၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အစိုးရသည် စိတ်ချရသောနိုင်ငံများမှ ရောက်ရှိလာသော နိုင်ငံတကာခရီးသည်များအတွက် ကွာရန်တင်း (quarantine) စည်းမျဉ်းစည်းကမ်းများကို ဖြေလျှော့ပေးရန် ဆုံးဖြတ်ထားကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် အိန္ဒိယနှင့်နိုင်ငံအဆင့် အသိအမှတ်ပြုထားသော သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အသိအမှတ်ပြုသော ကာကွယ်ဆေးများ ထိုးနှံပြီးကြောင်း...
ပေကျင်း၊အောက်တိုဘာ ၂၁ရက်(ဆင်ဟွာ) ပထမဆုံး စွမ်းအားပြည့်စမ်းသပ်မောင်းနှင်ရထားကြီး (dynamic testing) သည် တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာကြီးမှ ဗိုတန်သို့ စတင်မောင်းနှင်ထွက်ခွာလာခြင်းနှင့်အတူ တရုတ်-လာအို ရထားလမ်း ဗိုတန်-ဗီယင်ကျန်းအပိုင်းသည် ရထားပြေးဆွဲရန် စက်မှုစမ်းသပ်အဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ နှစ်နိုင်ငံ နိုင်ငံဖြတ်ကျော်ရထားလမ်း ဖွင့်လှစ်လည်ပတ်ရန်အချိန် ရောက်ရှိတော့မည့် သင်္ကေတ တစ်ခုဖြစ်ခဲ့ကြောင်း China Railway...
ရှန်ဟိုင်း၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ) ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် စတုတ္ထအကြိမ်မြောက် တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) အတွက် လူပေါင်း ၄,၇၀၀ ကျော်သည် စေတနာ့ဝန်ထမ်းအဖြစ် အောက်တိုဘာ ၂၀ ရက်၌ ကျမ်းသစ္စာကျိန်ဆိုခဲ့သလို ၎င်းတို့၏...
ဘရပ်ဆဲလ် ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက မြောက်အတ္တလန္တိတ်မဟာမိတ်အဖွဲ့(NATO) သို့စေလွှတ်ထားသော ၎င်း၏ သံကိုယ်စားလှယ်အဖွဲ့ကို ဆိုင်းငံ့ရန် နှင့် မော်စကိုမြို့ရှိ နေတိုးမဟာမိတ်ရုံးများအား ပိတ်ပစ်ရန် ဆုံးဖြတ်ထားလင့်ကစား နေတိုးအနေဖြင့် ရုရှားနိုင်ငံနှင့်အတူ စေ့စပ်ညှိနှိုင်းရန် လမ်းကြောင်းများကို ဆက်လက်ရှာဖွေသွားမည်ဖြစ်ကြောင်း နေတိုး(NATO)အတွင်းရေးမှူးချုပ် Jens Stoltenberg က အောက်တိုဘာ...
မော်စကို ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ရုရှားတိုက်လေယာဉ်များသည် အောက်တိုဘာ ၂၀ ရက်တွင် အမေရိကန် မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ်နှစ်စင်းအား ပင်လယ်နက်၏ ကြားနေရေပိုင်နက်ပေါ်တွင် လိုက်ပါစောင့်ကြည့်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ရုရှားရေဒါများက ပင်လယ်နက်ပေါ်တွင် ရုရှားနယ်နိမိတ်အား ချဉ်းကပ်လာသည့် လေကြောင်းပစ်မှတ်များအား ထောက်လှမ်းတွေ့ရှိခဲ့ကြောင်း နှင့် တုန့်ပြန်သည့်အနေဖြင့် Su-30...
ပေကျင်း ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ) ပေကျင်း ၂၀၂၂ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲအတွက် ဂရိနိုင်ငံအနောက်ပိုင်း ရှေ့ခေတ်အိုလံပစ်အားကစားပြိုင်ပွဲကျင်းပရာ အိုလံပီယာမြို့၌ ထွန်းညှိထားသော အိုလံပစ်မီးတောက်သည် အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းတွင် ပေကျင်းမြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ အဆိုပါ အိုလံပစ်မီးတောက်ဂုဏ်ပြု ကြိုဆိုပွဲအခမ်းအနားကို ၂၀၀၈ ခုနှစ် ပေကျင်းအိုလံပစ်အားကစားပြိုင်ပွဲ၏...