(ကမ္ဘာ့ရွှေဈေး) တစ်အောင်စ= ၂၂၅၈ အမေရိကန်ဒေါ်လာ အကယ်ဒမီမီးလင်းရွှေ (အဖွင့်ဈေး) = ၃,၈၅၃,၆၀၀ကျပ် (YGEA) ဖော်ပြပါ အချက်အလက်များသည် (၁.၄.၂၀၂၄) တွင် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) မှ ထုတ်ပြန်သော အဖွင့်ဈေးနှုန်းများကို စုစည်းဖော်ပြခြင်းဖြစ်သည်။ ဈေးနှုန်းများ အချိန်နှင့်အမျှ အပြောင်းအလဲရှိနိုင်ပါသည်။ (Xinhua)
ပေကျင်း၊ ဧပြီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုများသည် ၂၀၂၄ ခုနှစ် ပထမနှစ်လတာအတွင်း ခိုင်ခိုင်မာမာ တိုးတက်ခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာအချက်အလက်များအရ သိရသည်။ စီးပွားရေးလုပ်ငန်းသုံးမော်တော်ယာဉ် ထုတ်လုပ်မှုမှာ ယင်းကာလအတွင်း အစီးရေ ၅၆၀,၀၀၀ ထိရှိပြီး ယခင်နှစ်ကထက် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း...
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၂ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၁၀သိန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR က ယနေ့(မတ် ၃၁ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ်...
ဂျေရုဆလမ်၊ မတ် ၃၀ ရက် (ဆင်ဟွာ) အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့၏ စစ်ရေးလှုပ်ရှားမှုတွင် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ အကြီးတန်းခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း၊ အစ္စရေးစစ်တပ်သည် ရှီဖာဆေးရုံနှင့် အနီးတစ်ဝိုက်ဒေသများတွင် စစ်ရေးလှုပ်ရှားမှုများ ရက်အတော်ကြာ လုပ်ဆောင်ခဲ့ကြောင်း၊ အခင်းဖြစ်ပွားရာနေရာသို့ ကယ်ဆယ်ရေးသမားများ...
အောင်လံ၊ မတ် ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ မြေပဲခွဲစက်လုပ်ငန်းတွင် မြေပဲဆန်များ စနစ်တကျရွေးချယ်သန့်စင်နေသော လုပ်ငန်းခွင်ကို ရိုက်ကူးထားခြင်းဖြစ်သည်။ အဆိုပါ မြေပဲဆန်အသန့်များကို မန္တလေးစျေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခြင်းဖြစ်သည်။ မြေပဲဆန် အနီတစ်ပိဿာလျှင် ကျပ် ၈,၃၀၀ အထိ ရှိကာ မြေပဲဆန်ရွေးသော လုပ်သားများ၏...
နင်းရှဟွေ၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နင်းရှဟွေ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ Tanglai တူးမြောင်း၏ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိသော ရေတံခါးများကို ဆည်မြောင်းရေပေးဝေမှုရာသီ စတင်သည့်အနေဖြင့် မတ်လကုန်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ နင်းရှ မြစ်ဝါမြစ် ဆည်မြောင်းရေပေးဝေရေးဧရိယာကို ကမ္ဘာ့ ဆည်မြောင်းရေပေးဝေရေး အင်ဂျင်နီယားရင်း အမွေအနှစ်စာရင်းတွင်...
ပေကျင်း၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်ငွေကြေး ယွမ်ငွေ (RMB) သည် ဖေဖော်ဝါရီလက ကမ္ဘာလုံးဆိုင်ရာငွေပေးချေမှု အများဆုံးစာရင်းတွင် စတုတ္ထနေရာ၌ ရပ်တည်နေကြောင်း အစီရင်ခံစာအရ သိရသည်။ RMB ၏ ကမ္ဘာလုံးဆိုင်ရာဝေစုတွင် ဖေဖော်ဝါရီလက ၄ ရာခိုင်နှုန်း၌ ရပ်တည်နေကြောင်း ကမ္ဘာအနှံ့ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်သော Society for...
ဟူပေ၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်စတာဂျင်ငါး အရေအတွက် တိုးပွားလာစေရန် သဘာဝရှားပါးငါးမျိုးစိတ် အမြောက်အမြားကို ယန်ဇီမြစ်အတွင်း မတ် ၂၈ ရက်က လွှတ်ပေးခဲ့ကြောင်း သိရသည်။ (Xinhua) ……………………………….. (English Version) China releases over 200,000 captive-bred sturgeon...
ကုလသမဂ္ဂ၊ မတ် ၃၀ ရက် (ဆင်ဟွာ) မြောက်ကိုရီးယား ဒဏ်ခက်ပိတ်ဆို့အရေးယူမှုကော်မတီ ပညာရှင်အဖွဲ့၏ တရားဝင်လုပ်ပိုင်ခွင့်သက်တမ်း တိုးပေးမည့် ဆုံးဖြတ်ချက်မူကြမ်းကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၌ မတ် ၂၈ ရက်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ ရုရှားက ကန့်ကွက်မဲပေးခဲ့ကြောင်း သိရသည်။ ပိတ်ဆို့အရေးယူခြင်း၊ ဖိနှိပ်တင်းကျပ်ခြင်းနှင့် စစ်ရေးအရ ထိပ်တိုက်ရင်ဆိုင်ခြင်းတို့သည် ကိုရီးယားကျွန်းဆွယ်အရေး ဖြေရှင်းရာတွင်...
ကွေ့ကျိုး၊ မတ် ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်တွင် တံတားကုန်းပတ်နှင့် Beipanjiang မြစ်ကြား အမြင့် ၆၂၅ မီတာဖြင့် ဒီဇိုင်းထုတ်လုပ်ထားသော Huajiang မြစ်ကူးတံတားကြီးသည် ၂၀၂၅ ခုနှစ်၌ တည်ဆောက်ပြီးစီးပါက ကမ္ဘာပေါ်တွင် အမြင့်ဆုံးတံတားဖြစ်လာမည်ဖြစ်သည်။ အရှည် ၂,၈၉၀ မီတာ ရှိသော...