Connect with us

Media

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ မြေပဲခွဲစက်လုပ်ငန်းတွင် မြေပဲလုံးဆန်များ ‌ရွေးချယ်သန့်စင်ရေးလုပ်ငန်း

အောင်လံ၊ မတ် ၃၀ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး အောင်လံမြို့ရှိ မြေပဲခွဲစက်လုပ်ငန်းတွင် မြေပဲဆန်များ စနစ်တကျရွေးချယ်သန့်စင်နေသော လုပ်ငန်းခွင်ကို ရိုက်ကူးထားခြင်းဖြစ်သည်။

အဆိုပါ မြေပဲဆန်အသန့်များကို မန္တလေးစျေးကွက်မှတစ်ဆင့် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့ခြင်းဖြစ်သည်။

မြေပဲဆန် အနီတစ်ပိဿာလျှင် ကျပ် ၈,၃၀၀ အထိ ရှိကာ မြေပဲဆန်ရွေးသော လုပ်သားများ၏ တစ်နေ့ဝင်ငွေမှာ ကျပ်၈,၀၀၀ မှ ကျပ် ၁၅,၀၀၀ ထိရှိကြောင်း သိရသည်။ (Xinhua)