ကျိနန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အရှေ့ပိုင်းဆန်းတုန်းပြည်နယ်ချင်းသောင်မြို့တွင် တရုတ်နိုင်ငံ၏ပထမဆုံး အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများဖြင့် ဆောက်လုပ်မည့်မြေအောက်ရထားဘူတာ ကိုအောက်တိုဘာ ၂၉ ရက်တွင်တပ်ဆင်ခဲ့သည်။ ဘူတာ၏ အဓိက ကိုယ်ထည်ပိုင်း ၊ယက်မများ၊အုပ်ညှပ်များနှင့် ထောက်တိုင်များ အားလုံးကို အသင့်တပ်ဆင်ပြီးအစိတ်အပိုင်းများထုတ်လုပ်ကာတည်ဆောက်သည့်နည်းပညာဖြင့်ဆောက်လုပ်ခြင်းဖြစ်ရာ အချိန်ကုန်သက်သာစေပြီး လုပ်သားအင်အားနှင့်ဆောက်လုပ်ရေးသုံးကိရိယာများကိုချွေတာနိုင်ခဲ့သည်။ ချင်းသောင် မြေအောက်ရထားလမ်းအမှတ် ၆ မှ...
ဟူးဟောက်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး ဟိုက်ဒရိုဂျင်လောင်စာသုံး ဟိုက်ဘရစ် ရထားစက်ခေါင်း ဖြင့် ကျောက်မီးသွေးသယ်ယူပို့ဆောင်မှုကို အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြောက်ပိုင်း ၌ အောက်တိုဘာ ၂၉ ရက် တွင်စမ်းသပ်ပြေးဆွဲမောင်းနှင်ခဲ့ကြောင်းသိရသည်။ ဟိုက်ဒရိုဂျင်စွမ်းအင်သုံးရထားစက်ခေါင်းထုတ်လုပ်ရေးစီမံကိန်းကို ပြည်နယ် စွမ်းအင်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (SPIC) ၏ အတွင်းမွန်ဂိုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခွဲ နှင့်...
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တူရကီနိုင်ငံရဲတပ်ဖွဲ့က ယမကာအတုပြုလုပ်ရာတွင်အသုံးပြုသည့် အီသိုင်းအယ်လ်ကိုဟော ၁၂,၀၀၀ လီတာနှင့် သံသယရှိသူနှစ်ဦးကို အစ္စတန်ဘူလ်မြို့၌ အောက်တိုဘာ ၃၀ ရက်တွင်ဖမ်းဆီးခဲ့သည်။ Kucukcekmece ခရိုင် ၌ လူနှစ်ဦးသည် ပစ္စည်းများအား ဈေးကွက်တင်ရန်ပြင်ဆင်နေသည်ဟူသော သတင်းပေးပို့ချက်ရရှိခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များသည် ဂိုထောင်တစ်ခုအတွင်းသို့ ရှာဖွေစစ်ဆေးမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနိုင်ငံပိုင် Anadolu သတင်းဌာနကထုတ်ပြန်သည်။...
ရောမ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နှင့် အောက်တိုဘာ ၃၁ ရက်က ရောမမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ဝမ်ရိက ယခုနှစ်ပိုင်းများ၌ အမေရိကန်ဘက်မှ တရုတ်နိုင်ငံအပေါ်ထားရှိသော မှားယွင်းသည့် မူဝါဒကျင့်သုံးမှုများကြောင့် တရုတ်-အမေရိကန်ဆက်ဆံရေး...
ပေကျင်း ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကြက်ခြေနီအသင်း(RCSC)က ရောဂါကူးစက်မှုအသစ်များ ရင်ဆိုင်နေရသည့် ပြည်နယ်အဆင့် ဒေသ ၅ ခုအား COVID-19 ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၇ ရက်မှစ၍ ရွက်ဖျင်တဲ ၃၀၀ ၊ အိပ်ရာခင်း ၃,၇၀၀ နှင့်...
ဂလက်စကို ၊ ယူကေ ၊နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ၂၆ ကြိမ်မြောက် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဘောင်ကွန်ဗင်းရှင်း ညီလာခံ(COP26) ကို ယူကေ ၊စကော့တလန်နိုင်ငံ၊ ဂလက်စကိုမြို့(Glasgow)တွင် အောက်တိုဘာ ၃၁ ရက်က တရားဝင်စတင်ဖွင့်လှစ် ကျင်းပခဲ့ကြောင်းသိရသည်။ ယခုကျင်းပသည့် ညီလာခံသည် ပါရီသဘောတူညီချက်အား အကောင်အထည်ဖော်မှုအဆင့်သို့ ဝင်ရောက်ပြီးနောက်...
ပေကျင်း၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အောက်တိုဘာ ၃၁ ရက်ပိုင်းက ပေကျင်းမြို့တော်မှ ဗွီဒီယိုလင့်ခ်ဖြင့် G20 ခေါင်းဆောင်များ ၁၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ ဆက်လက်ပါဝင်တက်ရောက်ခဲ့ရာ ရာသီဥတုပြောင်းလဲမှု၊ စွမ်းအင်၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစသည့် အရေကိစ္စများအပေါ်ထားရှိသည့် အမြင်သဘောထားများအား အဓိက ပြောကြားခဲ့ကြောင်း...
ဆော်ပေါ်လို၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုပြည်နယ်ခွဲ အယ်လ်တီနိုပိုလစ်မြို့ဆင်ခြေဖုံးရှိ ကျောက်လိုဏ်ဂူတစ်ခု၌ အောက်တိုဘာ ၃၁ ရက် နံနက် ၁ဝ နာရီခန့်တွင် ပြိုကျမှုဖြစ်ပွားခဲ့ရာ လူ ၁၀ ဦး ပိတ်မိသွားခဲ့ကြောင်း နှင့် ယင်းတို့အနက် ၉ ဦးသေဆုံးကာ ကျန် ၁...
တိုကျို ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဂျပန်နိုင်ငံ တိုကျိုမြို့တွင် အောက်တိုဘာ ၃၁ ရက် ညပိုင်းတွင် Keio ရထားလမ်းကြောင်းပေါ်၌ အမျိုးသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်မှုကြောင့် လူ ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကျိုဒိုသတင်းဌာနက ဖော်ပြခဲ့သည်။ ဒဏ်ရာရသူများထဲတွင် အသက် ၆၀ ကျော်...
မက္ကဆီကိုစီးတီး ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) မက္ကဆီကိုနိုင်ငံ အလယ်ပိုင်း Puebla ပြည်နယ်ရှိ နိုင်ငံပိုင် Petroleos Mexicanos (Pemex) ရေနံကုမ္ပဏီ ပိုင်ဆိုင်သည့် ပိုက်လိုင်းတစ်ခုတွင် တရားမဝင် ဖောက်ယူမှုပြုလုပ်သော နေရာအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၁ ဦးထက်မနည်း သေဆုံးပြီး အခြားသူ ၁၅...