Connect with us

China

“ရပ်ဝန်းနှင့်ပိုးလမ်းမ” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွင် ရလဒ်ကောင်းများစွာ ရရှိခဲ့ကြောင်း သမ္မတ ရှီကျင့်ဖိန် ပြောကြား

တတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေးသို့ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နိုင်ငံတကာဧည့်သည်တော်များ တက်ရောက်လာကြသည်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတ ရှီက ၁၀ နှစ်ကြာကာလတွင် မိမိတို့သည် မူရင်း ရည်မှန်းချက်ကို ခိုင်မာစွာ စောင့်ထိန်းပြီး လက်တွဲ အတူ လျှောက်လှမ်းခဲ့ကြကြောင်း၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးကို ဖော်ဆောင်ရန် တွန်းအားပေးရာတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာပြီး ရလဒ်ကောင်းများစွာ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
“ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုသည် ယူရေးရှား ကုန်းမြေမှ အာဖရိကနှင့် လက်တင်အမေရိက အထိရှိပြီး နိုင်ငံပေါင်း ၁၅၀ ကျော်၊ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ ကျော်က “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူ တည်ဆောက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ လက်မှတ်ရေးထိုးကြောင်း၊ တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး ကျင်းပရာတွင် ကျွမ်းကျင်မှုကဏ္ဍ ဘက်ပေါင်းစုံ ဆောင်ရွက်ရေး ပလက်ဖောင်း ၂၀ ကျော် တည်ထောင်ပြီး ဖြစ်ကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။

လွန်ခဲ့သော ၁၀ နှစ်တာကာလအတွင်း ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုသည် “ပုံကြမ်းရေးဆွဲခြင်း” မှ “အသေးစိတ်ခြယ်မှုန်းခြင်း” အဆင့်သို့ တိုးတက်လာခဲ့ပြီး စီမံကိန်းများသည်လည်း လက်တွေ့လုပ်ငန်းစဉ်များအဖြစ်သို့ ပြောင်းလဲလာခဲ့ရာ အထင်ကရစီမံကိန်းများနှင့် “သေးငယ်၍ ကောင်းမွန်”သော ပြည်သူအခြေပြုအစီအစဉ်များကို ဆောင်ရွက်လျက်ရှိကြောင်း ၊ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ပူးပေါင်းဆောင်ရွက်မှုသည် Hard connectivity မှ Soft connectivity သို့ ကျယ်ပြန့်လာခဲ့ကြောင်း၊ အတူဆွေးနွေး၊ အတူတည်ဆောက်၊ အတူမျှဝေမှု၊ တံခါးဖွင့်ပွင့်လင်းမှုနှင့် အစိမ်းရောင်သန့်စင်မှု၊ ပြည်သူ့စားဝတ်နေရေး စဉ်ဆက်မပြတ် အဆင့်မြင့် အကျိုးဖြစ်ထွန်းစေမှုသည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေး၏ အရေးကြီးလမ်းညွှန်မူဝါဒ ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

၁၀ နှစ်ကြာကာလတွင် မိမိတို့သည် စီးပွားရေးစင်္ကြံတည်ဆောက်မှုကို လမ်းညွှန်အဖြစ်၊ ကြီးမားသော လမ်းကြောင်းနှင့် သတင်းအချက်အလက်စီးဆင်းမှုအမြန်လမ်းကို မူဘောင်အဖြစ်၊ ရထားလမ်း၊ ကားလမ်း၊ လေဆိပ်၊ ဆိပ်ကမ်း၊ ပိုက်လိုင်းကွန်ရက်ကို အားထားမှုအဖြစ် ကြိုးပမ်း တည်ဆောက်ရာ၌ ကုန်း၊ ရေ၊ လေ၊ အင်တာနက်၏ ကမ္ဘာလုံးဆိုင်ရာ ကွန်ရက် အပြန်အလှန်ချိတ်ဆက်မှုများကို လွှမ်းခြုံခဲ့ပြီး နိုင်ငံအသီးသီး၏ ကုန်ပစ္စည်း၊ ငွေကြေး၊ နည်းပညာ၊ လူအများ ဆက်သွယ်သွားလာမှုကို ထိရောက်စွာ မြှင့်တင်နိုင်ခဲ့ရာ နှစ်ထောင်ပေါင်းများစွာ စဉ်ဆက်မပြတ် တည်ရှိခဲ့သည့် ရှေးဟောင်းပိုးလမ်းမကြီးကို ခေတ်သစ်တွင် အင်အားသစ်တိုးပွားစေရန် တွန်းအား ပေးခဲ့ပါကြောင်း သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(Chinese Version)
习近平:“一带一路”国际合作取得丰硕成果
习近平说,10年来,我们坚守初心、携手同行,推动“一带一路”国际合作从无到有,蓬勃发展,取得丰硕成果。
“一带一路”合作从亚欧大陆延伸到非洲和拉美,150多个国家、30多个国际组织签署共建“一带一路”合作文件,举办3届“一带一路”国际合作高峰论坛,成立了20多个专业领域多边合作平台。
“一带一路”合作从“大写意”进入“工笔画”阶段,把规划图转化为实景图,一大批标志性项目和惠民生的“小而美”项目落地生根。
“一带一路”合作从硬联通扩展到软联通。共商共建共享、开放绿色廉洁、高标准惠民生可持续,成为高质量共建“一带一路”的重要指导原则。
10年来,我们致力于构建以经济走廊为引领,以大通道和信息高速公路为骨架,以铁路、公路、机场、港口、管网为依托,涵盖陆、海、天、网的全球互联互通网络,有效促进了各国商品、资金、技术、人员的大流通,推动绵亘千年的古丝绸之路在新时代焕发新活力。
1. 10月18日,国家主席习近平在北京人民大会堂出席第三届“一带一路”国际合作高峰论坛开幕式并发表主旨演讲。这是习近平同国际贵宾步入会场。新华社记者 王晔 摄