Connect with us

Media

IS သို့ ငွေကြေးလွှဲပြောင်းမှုဖြင့် သံသယရှိသူ ၁၇ ဦးကို တူရကီနိုင်ငံက ဖမ်းဆီး

အစ္စတန်ဘူလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တူရကီရဲတပ်ဖွဲ့က အစ္စတန်ဘူလ်မြို့၌ ပြုလုပ်သည့် အကြီးစားစစ်ဆင်ရေးအတွင်း IS အဖွဲ့ဝင်များထံသို့ ငွေကြေးလွှဲပြောင်းမှုဖြင့် သံသယရှိသူ ၁၇ ဦးကို အောက်တိုဘာ ၁၇ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

ယင်းသံသယရှိသူများသည် ကုမ္ပဏီနှင့်လူပုဂ္ဂိုလ်တစ်ဦးချင်းမှတစ်ဆင့် ပဋိပက္ခဇုန်များနှင့် တူရကီနိုင်ငံအကြား တရားမဝင်ငွေကြေးလွှဲပြောင်းထားသည်ကို အာဏာပိုင်များက စစ်ဆေးတွေ့ရှိခဲ့ကြောင်း Demiroren ပုဂ္ဂလိကသတင်းအေဂျင်စီက ပြောကြားခဲ့သည်။ (Xinhua)

…………………………..
(English Version)
Türkiye arrests 17 suspects for transferring money to IS
Turkish police on Tuesday rounded up 17 suspects accused of transferring money to Islamic State (IS) members in a large-scale operation in Istanbul, local media reported.
Authorities found that the suspects were illegally transferring money between Türkiye and conflict zones through companies and individuals, the private news agency Demiroren said.
Xinhua News Agency correspondents reporting from Istanbul, Türkiye.(XHTV)