Connect with us

Media

တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိနှင့် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိသည် အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry နှင့် အောက်တိုဘာ ၁၆ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့သည်။

Sameh Shoukry က လက်ရှိ ပါလက်စတိုင်း-အစ္စရေး အခြေအနေသည် အလွန်တရာ အန္တရာယ်များသော အရေးပေါ် အခြေအနေတွင် ရှိကြောင်း ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံသည် တရုတ်နိုင်ငံ၏ ခိုင်မာစွာ လက်ကိုင်ထားသည့် အခြေခံမူများ၊ တရားမျှတမှုများကို အထူး တန်ဖိုးထားသလို ပါလက်စတိုင်းလူမျိုးများ တရားဝင်အခွင့်အရေးရရှိရေးနှင့် သီးခြားနိုင်ငံ တည်ထောင်ရေး ဖော်ဆောင်ခြင်းကို ထောက်ခံကြောင်း၊ ပါလက်စတိုင်းအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရေး၊ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်ရေးတွင် တရုတ်နိုင်ငံ၏ အရေးကြီးသည့်အခန်းကဏ္ဍ၌ ပါဝင်မှုအား အထူး တန်ဖိုးထားကြောင်း ၊ အီဂျစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်သည့် ဆွေးနွေးညှိနှိုင်းမှုများ ထားရှိသွားလိုရာ အခြေအနေတင်းမာမှုများ လျော့ကျလာအောင် တွန်းအားပေးသွားမည် ဖြစ်ပြီး ပဋိပက္ခအရှိန်အဟုန် ဆက်လက်မြင့်တက်နေမှုကို ရှောင်ရှားကာ အကျပ်အတည်း နောက်ထပ်တစ်ဆင့် ပြင်ပသို့ ယိုစိမ့်မှုမရှိအောင် ကာကွယ်တားဆီးသွားမည်ဖြစ်ကြောင်း Sameh Shoukry က ပြောကြားခဲ့သည်။Sameh Shoukry က အီဂျစ်-တရုတ် ချစ်ကြည်ရေးသည် နက်ရှိုင်းပြီး နှစ်နိုင်ငံ ဆက်ဆံရေးသည် အားကောင်းလျက်ရှိကြောင်း ၊ တတိယအကြိမ်မြောက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ “ရပ်ဝန်းနှင့်ပိုးလမ်းမ” ထိပ်သီးအစည်းအဝေး အောင်မြင်စွာ ကျင်းပမှုအား အကြိုဂုဏ်ပြုပါကြောင်း၊ အီဂျစ်နိုင်ငံအနေဖြင့် “ရပ်ဝန်းနှင့်ပိုးလမ်းမ” အတူတည်ဆောက်ရေးတွင် စိတ်အားထက်သန်စွာ ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝမ်ရိက တရုတ်နိုင်ငံ အနေဖြင့် အရပ်သားများကို ထိခိုက်ဒဏ်ရာရစေခြင်း၊ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်း မှန်သမျှကို ဆန့်ကျင်၊ ပြစ်တင် ရှုတ်ချကြောင်းနှင့် နိုင်ငံတကာကျင့်ဝတ်ဘက်မှ ဆက်လက် ရပ်တည်ကာ ပါလက်စတိုင်းပြည်သူများ အမျိုးသား တရားဝင် အခွင့်အလမ်းများ ပြန်လည်ရရှိစေရေးကို ထောက်ခံကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။

လက်ရှိအခြေအနေတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေဖြင့် အမြန်ဆုံး အပစ်အခတ်ရပ်စဲရေးအတွက် ပါဝင်သင့်သည့် အခန်းကဏ္ဍမှ ပါဝင်ရမည်ဖြစ်ကြောင်း၊ ဂါဇာဒေသ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေများ ပြေလျော့စေရေး အီဂျစ်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းဆွေးနွေးပေးမှုများကို တရုတ်နိုင်ငံအနေဖြင့် တန်ဖိုးထားကြောင်း၊ အာရပ်နှင့် အစ္စလာမ်နိုင်ငံများ တူညီသည့်ရပ်တည်ချက်၊ တူညီသောစကားသံကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံနှင့်အတူ “နှစ်နိုင်ငံ နည်းလမ်း” ဆွေးနွေးမှု ပြန်လည်စတင်နိုင်ရန် တွန်းအားပေးဆောင်ရွက်သွားမည် ဖြစ်ပြီး ပို၍ ကျယ်ပြန့်သည့် နိုင်ငံတကာသဘောတူညီချက်များ ရရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အီဂျစ်သည် “ရပ်ဝန်းနှင့်ပိုးလမ်းမ” ၏ အရေးကြီးသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဖြစ်ရာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပမှုနှင့် “ရပ်ဝန်းနှင့်ပိုးလမ်း” အရည်အသွေးမြင့် တည်ဆောက်ရေးအတွက် စိတ်အားထက်သန်စွာ အကျိုးဆောင်သွားမည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ (Xinhua)

………………………….
(Chinese Version)
王毅同埃及外长舒凯里通电话
新华社北京10月17日电10月16日,中共中央政治局委员、外交部长王毅同埃及外长舒凯里通电话。
舒凯里说,当前巴以局势十分危急。埃及高度评价中方坚持原则、主持公道,支持巴勒斯坦人民恢复民族合法权利、实现独立建国,高度赞赏中方为政治解决巴勒斯坦问题,维护中东和平稳定发挥重要作用。埃及愿同中方保持密切沟通,推动局势降温,避免冲突继续升级,防止危机进一步外溢。
舒凯里表示,埃中友谊深厚,双边关系强劲有力。预祝第三届“一带一路”国际合作高峰论坛圆满成功,埃及将继续积极参与共建“一带一路”。
王毅重申,中方反对和谴责一切伤害平民、违反国际人道法的行为,将继续站在国际道义一边,支持巴勒斯坦人民恢复民族合法权利。当前形势下,联合国安理会应当为尽快停火止战发挥应有作用。中方赞赏埃方积极开展斡旋,努力协调缓解加沙地带人道局势,支持阿拉伯和伊斯兰国家形成共同立场,发出一致声音。中方愿同各方一道,推动重启“两国方案”谈判,争取形成更广泛国际共识。
王毅表示,埃及是“一带一路”重要合作伙伴,相信埃方将为高峰论坛成功举行和高质量共建“一带一路”作出积极贡献。