ဂျေရုဆလမ် ၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) အစ္စရေးနိုင်ငံ၌ အပြည်ပြည်ဆိုင်ရာ “အလံပြာ” လေကြောင်းတိုက်ခိုက်ရေးလေ့ကျင့်မှုအား အောက်တိုဘာ ၁၇ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။ နှစ်စဉ်ပြုလုပ်သည့် ယင်းလေ့ကျင့်မှုအား အစ္စရေးနိုင်ငံတောင်ပိုင်းရှိ Ovda လေတပ်အခြေစိုက်စခန်း၌ ပြုလုပ်ခဲ့ပြီး အမေရိကန် ၊ ဂျာမနီ ၊ အီတလီ...
ပေကျင်း ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံရှိ အတွင်းမွန်ဂိုလီးယား ၊ ကန်းစု ၊ ဆန်ရှီး နှင့် နင်းရှ အပါအဝင် ပြည်နယ်အဆင့် ဒေသ ၄ ခုသို့ ဒေသတွင်း COVID-19 ရောဂါ တုန့်ပြန်သည့် ကြိုးပမ်းအားထုတ်မှုများအား လမ်းညွှန်ရန် အလုပ်အဖွဲ့များအား စေလွှတ်ခဲ့ကြောင်း...
ဝူးလူမုချီ၊ အောက်တိုဘာ ၁၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ကာဇက်စတန်နိုင်ငံနယ်စပ်ဖြစ်သည့် တရုတ်နိုင်ငံ ရှင်းကျန်းဒေသ ဟော့အယ်ကောစစ်ဂိတ်တွင် လက်ရှိအချိန်အထိ ယခုနှစ်အတွင်း ပြည်ဝင်/ထွက်သည့် တရုတ်-ဥရောပရထားအစီးရေ ၅,၀၀၀ ကျော် ရှိပြီဖြစ်ကြောင်း ဟော့အယ်ကောစစ်အကောက်ခွန်ရုံးမှ သိရသည်။ တရုတ်-ဥရောပ ရထား၏ သယ်ယူပို့ဆောင်နိုင်မှုပမာဏ ကြီးမားခြင်း၊ ကုန်ကျစရိတ်နည်းခြင်း၊ သွားလာနိုင်သည့်နိုင်ငံနှင့်ဒေသများပြားခြင်း၊ ပို့ဆောင်ရေးတည်ငြိမ်မှုအားကောင်းခြင်း ပြည်တွင်း၊...
ဂျေရုဆလင်၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) ပါလက်စတိုင်းများ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုအဖြစ် လက်ယာအစွန်းရောက် ဂျူးအမျိုးသားတစ်ဦးက ပစ်သတ်ခဲ့၍ ကွယ်လွန်ခဲ့ရသော ဝန်ကြီးချုပ်ဟောင်း ရက်ဇက်ရာဘင် (Yitzhak Rabin) လုပ်ကြံခံရသည့် ၂၆ နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်ကို အစ္စရေးနိုင်ငံက ပြုလုပ်ခဲ့သည်။ အဆိုပါ နှစ်ပတ်လည်နေ့ကို ဂျေရုဆလင်မြို့တွင် တရားဝင်အခမ်းအနားများနှင့် အထူး...
မော်စကို၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ) စစ်ဘက်ဆိုင်ရာကိုယ်စားလှယ်အကြီးအကဲ၏လုပ်ငန်းများအပါအဝင် နေတိုး (NATO) အခြေစိုက် ရုရှားကိုယ်စားလှယ်ရုံး၏ လုပ်ငန်းများကို နိုဝင်ဘာ ၁ ရက်နေ့မှစပြီး ခေတ္တရပ်နားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov က အောက်တိုဘာ ၁၈ ရက်တွင် ကြေညာခဲ့သည်။ တစ်ချိန်တည်းမှာပင် မော်စကိုရှိ နေတိုးစစ်ဘက်ဆက်ဆံရေးရုံး၏...
ဗီယင်ကျန်း၊အောက်တိုဘာ ၁၈ရက်(ဆင်ဟွာ) တရုတ်-လာအို ရထားလမ်း ဗီယင်ကျန်းဘူတာသစ်ကြီးတွင် စနေနေ့က “လန်ချန်း”အမည်ရှိ တရုတ်စံချိန်စံညွှန်းဖြင့်တည်ဆောက်ထားသည့် ကျည်ဆန်ရထား(EMU)ဧည့်သည်သစ်ကြီးအား ကြိုဆိုခဲ့ကြသည်။ “လန်ချန်း” ရထားကြီးကို CRRCCorporationက တည်ဆောက်ခြင်းဖြစ်ပြီး နာမည်ကျော် Fuxing ကျည်ဆန်ရထားကို အခြေခံ၍ ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ အဆိုပါရထားကို ဗီယင်ကျန်းရှိ ဖက်စပ်ကုမ္ပဏီ Laos-China Railway Co.,Ltd.သို့ လွှဲပြောင်းပေးခဲ့ခြင်း...
ဆော်ပိုလို၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မျိုးဆက်လမ်းကြောင်း နှင့် ယင်းကဲ့သို့သော စွမ်းအင်အရင်းအမြစ်များကို နိုင်ငံအတွင်းအသုံးပြုမှုသည် ရေရှည်တည်တံ့သည့် အနာဂတ် သို့ ဦးတည်သည့် မှန်ကန်သည့်လမ်းကြောင်းတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ ဆိုလာစွမ်းအင်သုံးဓါတ်ခဲများနှင့် လျှပ်စစ်မော်တော်ယာဉ်များထုတ်လုပ်သည့်လုပ်ငန်းဖြစ်သည့် Build Your Dreams (BYD) ကုမ္ပဏီက ဘရာဇီးနိုင်ငံအတွက် ကူညီထောက်ပံ့လျက်ရှိကြောင်းသိရသည်။...
ကဘူးလ်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ပြီးခဲ့သည့်သောကြာနေ့တွင် အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း ကန်ဒါဟာပြည်နယ်၏ မြို့တော် ကန်ဒါဟာ ရှိ ဗလီတစ်ခု အတွင်းအသေခံဗုံးဖောက်ခွဲမှုကြောင့် သေဆုံးသူဦးရေမှာ ၄၇ ဦးအထိရှိလာခဲ့ပြီး ဒဏ်ရာရရှိသူဦးရေ မှာ ၉၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ဒေသအာဏာပိုင်များက စနေနေ့တွင် အတည်ပြုခဲ့သည်။ ဒေသတွင်းအစိုးရ ယဉ်ကျေးမှုနှင့်...
ဟန်ကျိုး၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၈ ကြိမ်မြောက် တရုတ်နိုင်ငံတကာမူပိုင်ခွင့်ပြပွဲအား တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်၊ ဟန်ကျိုးမြို့၌ အောက်တိုဘာ ၁၆ ရက်က ဖွင့်လှစ်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ တရုတ်အမျိုးသားမူပိုင်ခွင့်စီမံခန့်ခွဲမှု (NCAC) မှ ကမကထပြု၍ ကျဲ့ကျန်း...
ထျန်းကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းတွင် ကာဗွန်ကင်းစင်ခြင်းနှင့်အတူ ခေတ်မီ ကုန်သေတ္တာတင်ဆိပ်ကမ်းသည် အောက်တိုဘာ ၁၇ ရက်၌ စတင်လည်ပတ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆိပ်ကမ်းအား ၂၁ လကြာ တည်ဆောက်ခဲ့သည်။ ယင်းဆိပ်ကမ်းသည် ကမ္ဘာ့ပထမဆုံး “ခေတ်မီ” ၍ “ကာဗွန်ကင်းစင်”...