ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံသို့ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နှစ် ၂၀ ကြာ စစ်ပွဲသည် အမေရိကန်တို့၏ အရှည်လျားဆုံးစစ်ပွဲဖြစ်ပြီး ကမ္ဘာမြေအထက် ကီလိုမီတာ ၅၀၀ အကွာ အာကာသမှပင် အဖြစ်ဆိုးကြီးကို မြင်တွေ့နိုင်သည်။ ၎င်းသည်အာဖဂန်ပြည်သူများအတွက် နှစ်ပေါင်း ၂၀ ကြာ အလိမ်အညာများ၊သတ်ဖြတ်မှုများ၊အနိုင်ကျင့်မှုများ၊ သေဆုံးမှုများ၊ ပျက်စီးယိုယွင်းမှုများနှင့်...
ရှီအန်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်းရှီးပြည်နယ် ကျင်းပြန့် စီရင်စုတွင် တရုတ်နိုင်ငံ ၏ ပထမဆုံး မောင်းသူမဲ့ဒရုန်း (UAV) များ စမ်းသပ်မောင်းနှင်ရေးကွင်း တစ်ခုအား စတင်မည်ဖြစ်ရာ ၎င်းမှာ မောင်းသူမဲ့ ဒရုန်း ကဏ္ဍ၏ကွက်လပ်တစ်ခုကိုဖြည့်ဆည်းရာရောက်ကြောင်းသိရသည်။ စမ်းသပ်ရေးကွင်းအား အမျိုးသားအဆင့် မောင်းသူမဲ့...
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) ယခုကာလများ၌ အိန္ဒိယနိုင်ငံတွင် ထပ်တိုး ကိုဗစ်အတည်ပြုလူနာနှင့်သေဆုံးလူနာအရေအတွက်လျော့ကျလာရာ ထိုအခြေအနေကြောင့် ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံပြီးသူများအနေဖြင့် ဒုတိယတစ်လုံးမထိုးနှံကြတော့မည်ကို အချို့ ကျန်းမာရေးပညာရှင်များက စိုးရိမ်လျက်ရှိသည်။ အိန္ဒိယတွင် ယနေ့အထိ ကိုဗစ်ကာကွယ်ဆေးအကြိမ်ရေ (၇၄၄)သန်း ထိုးနှံပြီးဖြစ်ကြောင်း၊ အရွယ်ရောက်ပြီးသူ (၉၄၄)သန်းတွင် ကာကွယ်ဆေး ပထမတစ်လုံးထိုးနှံထားသူ (၆၀)ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေးနှစ်လုံးထိုးနှံပြီးသူသည်...
ပေကျင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) Canton ပြပွဲဟုလူသိများသော ၁၃၀ ကြိမ်မြောက် တရုတ်သွင်းကုန်နှင့် ထုတ်ကုန်ပြပွဲအား အော့ဖ်လိုင်း (offline) ပုံစံဖြင့် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း စီစဉ်သူများက စက်တင်ဘာ ၁၄ ရက်တွင်ပြောသည်။ တရုတ်နိုင်ငံ၏တောင်ပိုင်း ကွမ်တုန်းပြည်နယ်၌ လာမည့်လတွင် စတင်ကျင်းပမည့် ယင်းပြပွဲအား အွန်လိုင်း (online)...
မော်စကို၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ သမ္မတ ဗလာဒီမာပူတင်သည် COVID-19 ရောဂါရှိသော ၎င်း၏နောက်လိုက်နောက်ပါတစ်ဦးနှင့် လုံလောက်သောထိတွေ့မှုကာလရှိခဲ့သဖြင့် သီးသန့်ခွဲခြားနေထိုင်ကာ စောင့်ကြပ်ကြည့်ရှုမှုခံယူသွားမည် ဖြစ်ကြောင်း ကရင်မလင်နန်းတော်က စက်တင်ဘာ ၁၄ ရက် ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ (Xinhua) ………………………………………… (English Version) Urgent:...
ရှန်ဟိုင်း၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ယခုနှစ်၏ ၁၄ လုံးမြောက် တိုက်ဖွန်းမုန်တိုင်းဖြစ်သော Chanthu ကြောင့် မိုးသည်းထန်ခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ရင်ဆိုင်ကြုံတွေ့နေရသဖြင့် လူပေါင်း ၃၃၀,၀၀၀ နီးပါးကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။ Chanthu တိုင်ဖွန်းမုန်တိုင်းသည် အားလျော့ကာ စက်တင်ဘာ...
ဖနွမ်းပင်၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံမှ ကူညီတည်ဆောက်ပေးသည့် ကမ္ဘောဒီးယားနိုင်ငံ၏အားကစားကွင်းသည် ယနေ့အထိ တရုတ်နိုင်ငံမှပြည်ပသို့ ကူညီပံ့ပိုးပေးသည် ပမာဏအကြီးဆုံးနှင့် အဆင့်မြင့်ဆုံး အားကစားကွင်းဖြစ်သည်။ ရွက်လှေသဏ္ဍာန် သရုပ်ဖော်ထားသည့် အဆိုပါအားကစားကွင်း၏ ဒီဇိုင်းရေးဆွဲမှုတွင် ရှေးဟောင်း အန်ကောဝပ် အဆောက်အအုံ၏လက်မှုပညာအနှစ်သာရများပါဝင်သလို တရုတ်နိုင်ငံက တီထွင်သည့် ပထမတန်းစားလက်ရာနည်းပညာများကို အသုံးပြုတည်ဆောက်ထားခြင်း...
နန်နင်း၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) (၁၈)ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲနှင့် တရုတ်-အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးကို စက်တင်ဘာ ၁၀ ရက်မှစ၍ (၄)ရက်ကြာ ကျင်းပခဲ့ခြင်းဖြစ်သည်။ တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်ရေးဇုန်တည်ဆောက်ခြင်း၊ တရုတ်နိုင်ငံနှင့်အာဆီယံ အပြန်အလှန်အားဖြင့် အကြီးဆုံးကုန်သွယ်ဖက်ဖြစ်လာခြင်း၊ ဒေသတွင်းဘက်စုံစီးပွားရေးမိတ်ဖက်ဆောင်ရွက်မှု(RCEP)အား တရားဝင် သဘောတူလက်မှတ်ထိုးနိုင်ခြင်းတို့နှင့်အတူ (၁၈)နှစ်ကာလအတွင်း ဝန်ဆောင်မှုလွတ်လပ်သောကုန်သွယ်ရေးဇုန်မှ အဆင့်မြင့်တည်ဆောက်ရေးအတွက် အထောက်အပံ့ဖြစ်လာခဲ့သည်။...
ရာမလာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသ၌ လူသားချင်းစာနာမှု အကျပ်အတည်းများအားဖြေရှင်းရန် အစ္စရေးနိုင်ငံခြားရေးဝန်ကြီး Yair Lapid ကအဆိုပြုချက်အား ဂါဇာတွင် ဖြစ်ပွားလျက်ရှိသည့် အကျပ်အတည်းမှာ နိုင်ငံရေးဖြစ်ကြောင်း ပါလက်စတိုင်းနိုင်ငံဝန်ကြီးချုပ် Mohammed Ishtaye က စက်တင်ဘာ ၁၃ ရက်တွင်တုံ့ပြန် ပြောကြားခဲ့သည်။ “ဂါဇာကအကျပ်အတည်းက နိုင်ငံရေးဖြစ်တယ်။...
ဂျကာတာ ၊ စက်တင်ဘာ ၁၄ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ အစိုးရသည် COVID-19 ရောဂါ ဖြစ်ပွားမှုအသစ် အရေအတွက်များ ကျဆင်းလာသည်နှင့်အမျှ ဘာလီအပန်းဖြေကျွန်းပေါ်တွင် လူထုလှုပ်ရှားမှုများကို အဆင့်လေးဆင့်ဖြင့် ကန့်သတ်ထားခြင်းအား လျှော့ချရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။ စက်တင်ဘာ ၁၃ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် တိုက်ရိုက်ထုတ်လွှင့်သော ရှင်းလင်းပွဲတွင်...