Connect with us

Media

တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ရန်ကုန်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲကို ကြိုဆိုခြင်းအထိမ်းအမှတ်အနေဖြင့် တရုတ်-မြန်မာချစ်ကြည်ရေး အားကစားဖလှယ်ခြင်းနှင့် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ဩဂုတ်လ ၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ အင်းလျားကန်ရှိ မြန်မာနိုင်ငံ လှေလှော်အဖွဲ့ချုပ်၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်၊ ဘောလုံးအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ်များနှင့် အားကစားသမားများ၊ တရုတ်သံရုံးမှ ဝန်ထမ်းများ စသဖြင့် လူဦးရေ ၁၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံ ဝူရှူးအဖွဲ့ချုပ်၊ လှေလှော်အဖွဲ့ချုပ်နှင့် ဘောလုံးအဖွဲ့ချုပ်တို့သို့ အလှူငွေများ အသီးသီး ပေးအပ်ခဲ့ပြီး မိန့်ခွန်းပြောကြားခဲ့သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံမှ ဝူရှူးအားကစားသမားများနှင့် တရုတ်သံရုံးမှ ဝူရှူးပညာနှစ်သက်သူများအကြား ရိုးရာဝူရှူးပညာ ကူးလူးဖလှယ်ခြင်းနှင့် သရုပ်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။ မြန်မာနိုင်ငံ နဂါးလှေအားကစားသမားများက သံရုံးဝန်ထမ်းများနှင့်အတူ နဂါးလှေချစ်ကြည်ရေးပြိုင်ပွဲ ကျင်းပခဲ့ကြသည်။ အခမ်းအနားသို့ တက်ရောက်လာသော ဧည့်သည်တော်များ၊ အားကစားသမားများနှင့် နဂါးလှေပြိုင်ပွဲတွင်အနိုင်ရသည့်အဖွဲ့တို့အား သံရုံးက ဟန်ကျိုးအာရှအားကစားပြိုင်ပွဲ အမှတ်တရပစ္စည်းများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117