Breaking News
ဂျပန်နိုင်ငံ ယာမာဂါတာစီရင်စုတွင် ပြင်းအား ၆.၈ ရှိသော ငလျင်လှုပ်ခတ်၊ ဆူနာမီသတိပေးချက်ထုတ်ပြန်ထား
တိုကျို၊ ဇွန် ၁၈ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ယာမာဂါတာစီရင်စုတွင် ပြင်းအား ၆.၈ ပမာဏရှိသော အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသလုပ်ငန်း (JMA) အရသိရသည်။
အဆိုပါ ငလျင်ကြောင့် ဆူနာမီသတိပေးချက်လည်း ထုတ်ပြန်ထားခဲ့သည်။ယင်းငလျင်သည် ဒေသစံတော်ချိန် ည ၁၀း၂၂ နာရီက မြောက်လတ္တီကျု ၃၈.၆ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၁၃၉.၅ ဒီဂရီအရပ်တွင် မြေအောက်အနက် ၁၀ ကီလိုမီတာအား ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
Continue Reading