Connect with us

Breaking News

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်တွင် ၇.၄ ပမာဏရှိသော အင်အားပြင်းငလျင်လှုပ်သဖြင့် ဆူနာမီသတိပေးချက် ထုတ်ပြန်

ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အလက်စကာပြည်နယ် Perryville နယ်မြေ၏ တောင်-အရှေ့တောင်ဘက် ၈၄ ကီလိုမီတာ၌ ဇူလိုင် ၂၂ ရက် ဂရင်းနစ်စံတော်ချိန် ၀၆:၁၂ နာရီတွင် ပမာဏ ၇.၄ ရှိသော အင်အားအလွန်ပြင်းသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း အမေရိကန် ဆူနာမီသတိပေးစနစ်အရ သိရသည်။ 

အဆိုပါ ငလျင်သည် ကနဦးတိုင်းတာချက်အရ မြောက်လတ္တီကျု ၅၅.၂၂ ဒီဂရီ၊ အနောက်လောင်ဂျီကျု ၁၅၈.၅၉၄ ဒီဂရီ၊ အနက် ၁၃.၀ ကီလိုမီတာ၌ ဗဟိုပြုကာလှုပ်ခတ်ခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.