Breaking News
ကနေဒါတွင် ပစ်ခတ်မှုကြောင့် အနည်းဆုံး ၉ ဦး ဒဏ်ရာရရှိ

အော့တ်တာဝါ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
ကနေဒါနိုင်ငံ တိုရန်တိုမြို့ ရှိ လူရှုပ်ထွေးသော ရပ်ကွက်တစ်ခုတွင် သေနတ်ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အနည်းဆုံး လူ ၉ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CTV ကဖော်ပြခဲ့သည်။
တိုရန်တိုမြို့ အရှေ့အစွန်ပိုင်းရှိ အခင်းဖြစ်ပွားရာDanforth နှင့် Logan လမ်းဧရိယာများ သို့ ရဲတပ်ဖွဲ့ဝင်များ၊ ဆေးအဖွဲ့များ နှင့် မီးသတ်ဝန်ထမ်းများရောက်ရှိလာရောက် သိရသည်။
ထိခိုက်ဒဏ်ရာရရှိသူများ ၏ အခြေအနေကို မသိရှိရသေးကြောင်း သိရသည်။ (Xinhua)