Connect with us

Media

တစ်နာရီ ၃၅၀ကီလိုမီတာ အမြန်နှုန်းဖြင့်မောင်းနှင်နိုင်သော နောက်ဆုံးပေါ် မြန်နှုန်းမြင့်ရထားပုံစံသစ်များ ထွက်ရှိ

ချင်းသောင်၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၌ Fuxing မြန်နှုန်းမြင့်ရထား ပုံစံအသစ်နှစ်မျိုးကို ဇွန် ၂၅ရက်တွင် စတင် ပြေးဆွဲမည်ဟုသိရသည်။ တစ်နာရီလျှင် ၃၅၀ ကီလိုမီတာအမြန်နှုန်းဖြင့်ပြေးဆွဲမည့် အဆိုပါ ရထားအမျိုးအစားများမှာ CR400AF-Z နှင့် CR400AF-BZ တို့ ဖြစ်ကြသည်။မော်ဒယ်အသစ်များတွင် အင်တာနက်နည်းပညာ၊ Cloud နည်းပညာ၊ Big Data၊ 5G နှင့်အခြားနည်းပညာများပေါင်းစပ်ထုတ်လုပ်ထားသည်။ မတူကွဲပြားသည့် အသိဉာဏ်ပါဝင်သောလုပ်ဆောင်မှုများ နှင့် စောင့်ကြည့်လေ့လာရေး စနစ် ၉ မျိုးကိုလည်း ပေါင်းစပ်ထည့်သွင်းထားကြောင်းသိရသည်။
ရထားတွဲများပေါ်တွင် ပိုမို သက်သောင့်သက်သာ ရှိစေမည့် ဝန်ဆောင်မှုများကိုဖန်တီးပေးထားပြီး အသိဉာဏ်ဖြင့်ထိန်းချုပ်ဖွင့်ပိတ်နိုင်သည့် အလင်းအမှောင်စနစ်များပါဝင်သည့် သန့်စင်ခန်းများ၊ စမတ်နည်းပညာသုံး အစားအသောက်ရောင်းချစက်များကိုတပ်ဆင်ထားသည့်စားသောက်ခန်းများလည်း ယခု ပုံစံအသစ်ထဲတွင်ပါဝင်လာကြောင်းသိရသည်။ (Xinhua)

…………………….
GLOBALink | New models of China’s “Fuxing” high-speed train to debut soon
QINGDAO, June 22 (Xinhua) — Two new models of China’s “Fuxing” high-speed train will be put into operation on June 25. The new models, CR400AF-Z and CR400AF-BZ, have a design speed of 350 km per hour.
They integrate internet, cloud computing, big data, 5G and other new technologies. Nine different intelligent operation and monitoring systems are adopted.
Facilities on the trains are more convenient, such as intelligent lighting in toilets and smart vending machines in dining cars.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.