Connect with us

Media

သမ္မတရှီကျင့်ဖိန် က အာကာသစခန်းရှိ အာကာသယာဉ်မှူးများ အား နှုတ်ဆက်စကားပြော

ပေကျင်း၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ ၏ အာကာသ ရည်မှန်းချက် အကောင်အထည်ဖော်ဆောင်မှု အပေါ် အခိုင်အမာ အားပေးထောက်ခံသည့် အနေဖြင့် ဗုဒ္ဓဟူးနေ့မနက်ပိုင်းက တရုတ်နိုင်ငံ မှ တည်ဆောက်နေသည့် အာကာသစခန်း ပင်မခန်း Tianhe ၌‌ ရောက်ရှိနေသော အာကာသယာဉ်မှူး ၃ ဦး အား နှုတ်ဆက်စကားပြောကြားခဲ့သည်။တရုတ်နိုင်ငံက အာကာသတွင်တည်ဆောက်နေသည့် အာကာသစခန်းသို့ အာကာသယာဉ်မှူး ၃ ဦးဖြစ်သော နွဲ့ဟိုင်စိန်၊ လျှိုပေါ်မင်နှင့် ထန်းဟုန်ပေါတို့အား ဇွန် ၁၇ ရက်တွင် Shenzhou-12 အာကာသယာဉ်ဖြင့်စေလွှတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ၃ ဦးသည် အာကာသအတွင်း အချိန် ၃ လခန့်နေထိုင်သွားမည်ဖြစ်သည်။

“အာကာသယာဉ် တည်ဆောက်ရေးစီမံကိန်းသည် တရုတ်နိုင်ငံ၏ အာကာသ လုပ်ငန်း ကဏ္ဍအတွက် မှတ်ကျောက်တစ်ခုဖြစ်လာမည့်အပြင် လူသားမျိုးနွယ်တို့ အာကာသ အပေါ် ငြိမ်းငြိမ်းချမ်းချမ်း အသုံးပြုရာတွင် အထောက်အပံ့ဖြစ်စေမည့် ကနဦးလုပ်ဆောင်ချက်ဖြစ်ကြောင်း” တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဌ ရှီကျင့်ဖိန်က ဗီဒီယိုရုပ်သံခေါ်ဆိုမှုဖြင့် တွေ့ဆုံပြောကြားခဲ့သည်။
ယခုကဲ့သို့ သမ္မတရှီကျင့်ဖိန် နှင့် ဂြိုဟ်ပတ်လမ်းပေါ်ရှိ အာကာသယာဉ်မှူးများအကြား ကမ္ဘာနှင့်အာကာသ ချိတ်ဆက်တွေ့ဆုံ နှုတ်ဆက်မှုမှာ တတိယအကြိမ်ရှိပြီဖြစ်သည်။

သမ္မတရှီကျင့်ဖိန်က Shenzhou-10 နှင့် Shenzhou-11 အာကာသယာဉ်မှူးများနှင့် ၂၀၁၃ ခုနှစ် နှင့် ၂၀၁၆ ခုနှစ်များကလည်း ယခု ကဲ့သို့ ဗီဒီယိုခေါ်ဆိုမှုဖြင့်တွေ့ဆုံ နှုတ်ဆက်စကားပြောကြားခဲ့ဖူးသည်။

“အာကာသ ရည်မှန်းချက်ဟာ တရုတ်နိုင်ငံကို ပိုမိုအင်အားတောင့်တင်းအောင်ဆောင်ရွက်မယ့် ရည်မှန်းချက်တွေထဲမှာ တစ်စိတ်တစ်ပိုင်းပါဝင်ကြောင်း၊ အာကာသ အစီအစဉ်များဖွံ့ဖြိုးတိုးတက်လာခြင်း အားဖြင့် တရုတ်နိုင်ငံသားများ အာကာသထဲ ပိုမိုထဲထဲဝင်ဝင်လေ့လာနိုင်မည်ဖြစ်ကြောင်း” ၂၀၁၃ ခုနှစ် ဇွန် ၂၄ ရက်တွင် Shenzhou-10 အာကာသယာဉ်မှူးများနှင့်တွေ့ဆုံစဉ်ပြောကြားခဲ့သည်။

သမ္မတရှီက ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် Shenzhou-11 အာကာသယာဉ်မှူးများနှင့် နှုတ်ဆက်စဉ် အခက်အခဲများအား ရင်ဆိုင်ဖြေရှင်းဆောင်ရွက်ခဲ့သည့် ၎င်းတို့၏ လုပ်ဆောင်ချက်များကို ချီးမွမ်းပြောဆိုခဲ့ပြီး အာကာသလုပ်ငန်းစဉ်များ အား ဂရုတစိုက် အနီးကပ်ပူးပေါင်းဆောင်ရွက်ပြီး ကောင်းမွန်စွာပြီးမြောက်စေရန် ဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်းသိရသည်။ (Xinhua)

………………………………………..
(English Version)
Xi’s three Earth-space conversations with astronauts in orbit

BEIJING, June 23 (Xinhua) — Chinese President Xi Jinping talked with the three astronauts stationed in the country’s space station core module Tianhe on Wednesday morning, showing his consistent concern and support for Chinese pursuit of space dream.

The astronauts — Nie Haisheng, Liu Boming and Tang Hongbo — were sent into space aboard the Shenzhou-12 spaceship on June 17 for in-orbit construction of China’s space station. They will stay in space for three months.

“The construction of the space station is a milestone in China’s space industry, which will make pioneering contributions to the peaceful use of space by humanity,” said Xi, also general secretary of the Communist Party of China Central Committee and chairman of the Central Military Commission, during the video call.

This was the third time that Xi has held Earth-space conversations with astronauts in orbit.
He also made video calls with astronauts of the Shenzhou-10 and Shenzhou-11 missions in 2013 and 2016 respectively.

“The space dream is part of the dream to make China stronger. With the development of space programs, the Chinese people will take bigger strides to explore further into the space,” said Xi during his conversation with the three Shenzhou-10 astronauts on June 24, 2013.

Expressing sincere greetings to the two Shenzhou-11 astronauts on Nov. 9, 2016, Xi spoke highly of their coordinated efforts in facing difficulties and hoped the two astronauts would keep up the good work through close cooperation and careful operation, so as to complete their mission. ■

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.