Connect with us

Media

တရုတ်နိုင်ငံ ဆန်းရှီးပြည်နယ်ရှိ ကျောက်မီးသွေးတွင်းများတွင် 5G ကွန်ရက်လွှမ်းခြုံထား

ဆန်းရှီး၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ကျောက်မီးသွေးပေါကြွယ်ဝသည့် ဆန်းရှီးပြည်နယ်၌ ကျောက်မီးသွေးတွင်း လုံခြုံမှုနှင့် ထိရောက်မှုမြှင့်တင်ရန်အတွက် ကျောက်မီးသွေးတွင်း၌ ပထမဦးဆုံး 5G ကွန်ရက်အား တပ်ဆင်ခဲ့သည်။

ဆန်းရှီးပြည်နယ် ကျင့်ကျုံးမြို့ စော့ယန်ကောင်တီရှိ Lu’an Chemical Group ၏ Xinyuan ကျောက်မီးသွေးတွင်းသည် တရုတ်နိုင်ငံ၏ ပထမဆုံး မြေအောက် 5G ကွန်ရက် တပ်ဆင်ထားသည့် ကျောက်မီးသွေးတွင်း နေရာဖြစ်သည်။

“ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံ၏ ထိပ်တန်းနည်းပညာများအနက် တစ်ခုဖြစ်သည့် 5G သည် လူတန်းစား အလွှာပေါင်းစုံအား အလျင်အမြန် တိုးတက်စေလျက် ရှိပါတယ်။ ၎င်းတို့အနက် ကျောက်မီးသွေးတွင်းလုပ်ငန်းများမှာ များစွာအကျိုးဖြစ်ထွန်းခဲ့ပါတယ်။
သမိုင်းကြောင်းအရ ကျောက်မီးသွေးတူးဖော်ခြင်းမှာ ခက်ခဲစွာလုပ်အားစိုက်ထုတ်ရပြီး အန္တရာယ်များသောလုပ်ငန်းဖြစ်ပါတယ်။ 5G နည်းပညာရဲ့ အကူအညီနဲ့ လုံခြုံမှုနှင့် ထိရောက်မှုမြှင့်တင်ရန်အတွက် လူထိန်းချုပ်ရန်မလိုတဲ့ လုပ်ငန်းစစ်ဆေးခြင်းအား ‌ဖော်ဆောင်နိုင်ခဲ့ပါတယ်။
အခု ကျွန်တော်တို့ တရုတ်နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် မြေအောက် ၅၃၄ မီတာမှာ တည်ရှိတဲ့ Xinyuan ကျောက်မီးသွေးတွင်းမှာပါ။ ဒီနေရာဟာ ကျောက်မီးသွေးတွင်း ဥမင်အောက်မှာ တရုတ်နိုင်ငံရဲ့ ပထမဆုံး စီးပွားဖြစ် 5G ကွန်ရက်ကို တပ်ဆင်ထားတဲ့နေရာပဲဖြစ်ပါတယ်။

အခုပဲစကြည့်လိုက်ရအောင်။”
မြေအောက် မီတာ ၅၀၀ ကျော်ရှိ စက်မှုနှင့်အီလက်ထရွန်းနစ်အခန်း
“ပါဝါခလုတ်တွေအားလုံးကို တပ်ဆင်ထားတဲ့ ဒီလျှပ်စစ်အခန်းက ဒီကျောက်မီးသွေးတွင်းရဲ့ လျှပ်စစ်စွမ်းအင် ထောက်ပံ့မှုတွေအားလုံးကို ထိန်းချုပ်ထားပါတယ်။ အရင်က ဒီနေရာမှာ အနည်းဆုံး လူ ၃ ယောက် က အရာအားလုံး အဆင်ပြေသေချာနေအောင် စစ်ဆေးကင်းလှည့်ပေးဖို့ လိုအပ်ပါတယ်။ 5G နည်းပညာ အသုံးပြုခြင်းကြောင့် လူများအစား HD ကင်မရာဖြင့် ရိုက်ကူးပြီး သတင်းအချက်အလက်အားလုံးကို မြေပြင်ပေါ်တွင်ရှိသော ထိန်းချုပ်ခန်းသို့ ပေးပို့နိုင်ပါတယ်။”
မြေအောက် ၅၃၄ မီတာရှိ စက်များအပြည့်အဝ တပ်ဆင်ထားသော ကျောက်မီးသွေးတွင်းမျက်နှာပြင်
“5G ကွန်ရက်က စက်တွေအပြည့်အဝ တပ်ဆင်ထားတဲ့ ကျောက်မီးသွေးတွင်းမျက်နှာပြင်မှာ လုပ်ငန်းလည်ပတ်မှုကို ရုပ်လုံးဖော်ပြသပေးနိုင်ပြီး လုပ်ငန်းလည်ပတ်မှုများကို ရုပ်ထွက်မြင့်မားသော မြင်ကွင်းကျယ်ပုံများဖြင့် ကြည့်ရှုနိုင်သည့် အဝေးထိန်းအော်ပရေတာကိုလည်း ပံ့ပိုးပေးပါတယ်။”
တရုတ်နိုင်ငံသည် 5G ၊ ဉာဏ်ရည်တု၊ စက်ရုပ်နည်းပညာ၊ စက်မှုအင်တာနက်နှင့် အခြားနည်းပညာများအား အမှီပြု၍ ခေတ်မီသော သတ္တုတွင်းများတည်ဆောက်ရေးကို တက်ကြွစွာ အားပေးလျက်ရှိသည်။

တရုတ်နိုင်ငံသည် ၂၀၃၅ ခုနှစ်တွင် တစ်နိုင်ငံလုံးရှိ ကျောက်မီးသွေးတွင်းအားလုံးအား အခြေခံ ခေတ်မီကုတ်ထုတ်လုပ်မှု (basic intelligent manufacturing) အဖြစ်သို့ မြှင့်တင်နိုင်ရန် အဆိုပြုထားသည်။ (Xinhua)