Connect with us

Media

တရုတ်နိုင်ငံ၏ အာကာသစူးစမ်းလေ့လာရေးယာဉ် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက် (ရုပ်/သံ)

ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ်ဆောင်ထားသော ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) သည် ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်)ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က မေ ၁၅ ရက် နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်မှလွဲ၍ ဂြိုဟ်တစ်ခုပေါ်သို့ အာကာသယာဉ် ဆင်းသက်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

(၉)မိနစ်ခန့်ကြာမြင့်သည့် အင်္ဂါဂြိုဟ်လေထုကို ဖြတ်သန်း၍ ဂြိုဟ်ပေါ်သို့ဆင်းသက်သည့်ဖြစ်စဉ်သည် မြေပြင်ထိန်းချုပ်မှုမရှိဘဲ အာကာသယာဉ်၏အလိုအလျောက်စနစ်ဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် အလွန်ရှုပ်ထွေးနက်နဲကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှု ဦးစီးဌာန(CNSA) ၏ လကမ္ဘာစူးစမ်းလေ့လာရေးနှင့်အာကာသစီမံကိန်းစင်တာ အရာရှိ ကိန်းယန်က ပြောသည်။

ဂြိုဟ်ပတ်လမ်းကြောင်းသွားယာဉ် (orbiter) ၊ ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) နှင့် ဂြိုဟ်ပေါ်သွားယာဉ် (rover) ပါဝင်သော ထျန်းဝန်-၁ ယာဉ်အား တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ကျွန်းပြည်နယ်ရှိ ဝန်ချန်းအာကာသယာဉ် လွှတ်တင်ရေးစင်တာမှ ၂၀၂၀ ပြည့်နှစ် ဇူလိုင် ၂၃ ရက်က လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

၎င်းမှာ တရုတ်နိုင်ငံက နေအဖွဲ့အစည်းအတွင်း ဂြိုဟ်စူးစမ်းလေ့လာရေး၏ ပထမခြေလှမ်းဖြစ်ပြီး ဂြိုဟ်ပတ်လမ်းကြောင်းပတ်ခြင်း၊ ဆင်းသက်ခြင်းနှင့် ဂြိုဟ်ပေါ်လှည့်လည်သွားလာခြင်းများကို လုပ်ငန်းစဉ်တစ်ခုတည်းတွင် ပြီးမြောက်အောင်ဆောင်ရွက်ရန် ရည်ရွယ်ကြောင်း သိရသည်။

အဆိုပါအာကာသယာဉ်သည် အာကာသအတွင်း (၇)လနီးပါးကြာ ပျံ့သန်းပြီးနောက် ဖေဖော်ဝါရီလတွင် အင်္ဂါဂြိုဟ် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်ခဲ့ရာ ဂြိုဟ်ပေါ်သို့ ဆင်းသက်မည့်နေရာကို (၂)လကျော်ကြာ အချိန်ယူလေ့လာခဲ့ရကြောင်း သိရသည်။ (Xinhua)

————————————
(English Version)

China’s probe lands on Mars

The lander carrying China’s first Mars rover has touched down on the red planet, the China National Space Administration (CNSA) confirmed on Saturday morning.

It is the first time China has landed a probe on a planet other than Earth.
The craft’s plummet through the Martian atmosphere, lasting about nine minutes, was extremely complicated with no ground control, and had to be performed by the spacecraft autonomously, said Geng Yan, an official at the Lunar Exploration and Space Program Center of the CNSA.

Tianwen-1, consisting of an orbiter, a lander and a rover, was launched from the Wenchang Spacecraft Launch Site on the coast of southern China’s island province of Hainan on July 23, 2020.

It was the first step in China’s planetary exploration of the solar system, with the aim of completing orbiting, landing and roving on the red planet in one mission.

The spacecraft entered the Mars orbit in February after a journey of nearly seven months through space and spent more than two months surveying potential landing sites.

Produced by Xinhua Global Service