Connect with us

Media

တရုတ်နိုင်ငံ၏ သံမဏိထုတ်လုပ်ရေးလုပ်ငန်း၌ စွမ်းအင် သုံးစွဲမှု ပိုမိုသန့်စင်လာစေရန်ကြိုးပမ်း

ကန်းစု၊ မေ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနောက်မြောက်ပိုင်း ကန်းစုပြည်နယ်လန်ကျိုးမြို့အရှေ့ဘက် ကီလိုမီတာ ၂၀အကွာတွင် သံနှင့် သံမဏိထုတ်လုပ်ရေးကုမ္ပဏီ တစ်ခုဖြစ်သည့် JISCO Yuzhong Iron and Steel Co., Ltd., တည်ရှိသည်။ ၎င်းကုမ္ပဏီသည် သံနှင့် သံမဏိ စွန့်ပစ် ပစ္စည်းများအား အပြည့်အဝအသုံးပြုပြီး ပြည်လည်ကျိုချက်ထုတ်လုပ်သည့်ကုမ္ပဏီဖြစ်သည်။ သံမဏိထုတ်လုပ်ငန်းတွင် သန့်စင်သော အစိမ်းရောင်စနစ်အားပြောင်းလဲရန်နှင့် ကျန်းမာရေးနှင့်ကိုက်ညီစွာဖွံ့ဖြိုးတိုးတက်လာအောင်အဆင့်မြှင့်တင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

JISCO Yuzhong Iron and Steel Co., Ltd., မှ လက်ထောက်အထွေထွေမန်နေဂျာ Gao Yong က“ဒီကုမ္ပဏီဟာဆိုရင် သံနှင့်သံမဏိဖြတ်စ အရင်းအမြစ်တွေကို ဖြေရှင်းဖို့ သံနှင့် သံမဏိဖြတ်စတွေကို ပြန်လည် လည်ပတ်စေတဲ့စနစ်နဲ့တည်ဆောက်ထားပါတယ်။ လက်ရှိမှာဆိုရင် စက်ရုံရဲ့ ထုတ်လုပ်မှုပမာဏဟာ တစ်နှစ်ကို ၃၅၀,၀၀၀ တန်ရှိပြီး အဲဒီထဲမှာ ကုမ္ပဏီက ထွက်ရှိတဲ့ စွန့်ပစ် သံမဏိ ရာခိုင်နှုန်း ၄၀ ကနေ ၅၀ ကြားပါဝင်ပါတယ်။ ဒီလိုနည်းနဲ့ ပိုမိုကောင်းမွန်တဲ့အခြေအနေတွေကိုဖန်တီးနိုင်ပြီး သံနှင့် သံမဏိ ထုတ်လုပ်ရေးမှာ စွမ်းအင်ကုန်ကျမှု ကို လျှော့ချရာရောက်စေပါတယ်” ဟုဆိုသည်။ယခုကဲ့သို့ဆောင်ရွက်ချက်သည် တရုတ်နိုင်ငံ၏ သံမဏိထုတ်လုပ်ရေးလုပ်

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.