Connect with us

Media

သမ္မတရှီကျင့်ဖိန်၏ မိသားစုများအပေါ် အလေးအနက်တန်ဖိုးထားမှုများ

ပေကျင်း၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်လူမျိုးတို့သည် မိသားစုများအား အမြဲတန်ဖိုးထားလေ့ရှိကြသည်။ သမ္မတရှီကျင့်ဖိန် သည် လည်း အခမ်းအနားများစွာ၌ မိသားစုများ၏  တန်ဖိုးနှင့် ဓလေ့ထုံးတမ်းများနှင့်ပတ်သက်ပြီး အလေးအနက်ထားပြောကြားလေ့ရှိသည်။

ယခု ဗီဒီယိုထဲတွင် တရုတ်နိုင်ငံ၌ ရိုးရာမပျက်ကျင်းပခဲ့သော ဆောင်းဦးလလယ် ပွဲတော်၌ သမ္မတရှီ က မိသားစုပြန်လည်ဆုံစည်းမှုနှင့် လမုန့်များကို နှစ်သက်ကြသည့်အကြောင်းအား အလေးထား ပြောကြားခဲ့သည့် စကားများ ဖြစ်သည်။

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၃ ရက်နေ့၌ သမ္မတရှီကျင့်ဖိန်သည် အမေရိကန်ပြည်ထောင်စု ဆီယက်တဲလ်ရှိ ပြည်ပရောက် တရုတ်လူမျိုးများမှ တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲ၌မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတရှီက “အားလုံး အိမ်ကိုပြန်လာဖို့အမြဲကြိုဆိုနေပါတယ်၊ ခင်ဗျားတို့အားလုံးအတွက် ကျွန်တော်တရုတ်နိုင်ငံက လမုန့်တချို့ယူလာခဲ့ပါတယ်၊ ပြီးတော့ ဒါတွေက ကျွန်တော်တို့အမိမြေကပြည်သူတွေရဲ့ နွေးထွေးတဲ့နှုတ်ခွန်းဆက်သမှုဖြစ်ပါတယ်၊ အားလုံးကို ပျော်ရွှင်ဖွယ်ကောင်းတဲ့ ဆောင်းဦးလလယ်ပွဲတော်ဖြစ်ပါစေ မိသားစုတွေနဲ့ပျော်ရွှင်ပါစေလို့ဆုတောင်းပေးပါတယ် ” ဟုပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်၌ တစ်နိုင်ငံလုံးရှိ စံပြမိသားစုများအား ဂုဏ်ပြုသည့် အခမ်းအနားသို့ တက်ရောက်လာသူများနဲ့တွေ့ဆုံစဉ် မိန့်ခွန်းပြောကြားခဲ့သည်။

သမ္မတရှီက “ မိသားစုဓလေ့တန်ဖိုးဟာ တရုတ်နိုင်ငံသားတွေအားလုံးရဲ့ စိတ်နှလုံးမှာ ထွင်းထုထားပြီးဖြစ်သလို အသွေးအသားတွေထဲမှာလည်း စီးဝင်နေပါတယ်၊ အဲဒါဟာ တရုတ်လူမျိုးတွေ ကို အထောက်အပံ့ဖြစ်စေတဲ့ အရေးပါတဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအင်ဖြစ်ပြီး ကောင်းမြတ်တဲ့အလေ့အကျင့်ဟာ မိသားစု သဟဇာတဖြစ်မှုကို အထောက်အပံ့ဖြစ်စေတဲ့ အဖိုးမဖြတ်နိုင်တဲ့ ရတနာတစ်ခုလည်းဖြစ်ပါတယ် ” ဟု ဆိုသည်။

တရုတ်လူမျိုးများသည် စစ်မှန်သော ချစ်ခင်မှုနှင့် ဖြောင့်မတ်မှုများအား အလွန်တန်ဖိုးထားကြောင်း  ၂၀၁၇ ခုနှစ် နွေဦး ပွဲတော် တွင်  သမ္မတ ရှီ ကအလေးအနက်ပြောကြားခဲ့သည်

ရှီကျင့်ဖိန်က ” ပိုမိုကောင်းမွန်တဲ့ဘဝကိုပိုင်ဆိုင်ဖို့ ပြည်သူတွေဟာ မမောမပန်းနိုင်အလုပ်လုပ်ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကိုတော့မေ့ပျောက်မရနိုင်ပါဘူး၊ နောက်ပြီး ဝေးကွာမှုကြောင့် မိသားစုတွေ မိတ်ဆွေတွေကို အဆက်အသွယ်မဖြတ်နိုင်ကြပါဘူး” ဟုဆိုသည်။

၂၀၁၈ ခုနှစ် နွေဦးပွဲတော်တွင် သမ္မတရှီကျင့်ဖိန်က မိန့်ခွန်းပြောကြားရာ “ကျွန်တော်တို့   တရုတ်လူမျိုးတွေရဲ့ ဓလေ့ဖြစ်တဲ့ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာတွေကို မြှင့်တင်ပေးတဲ့ လူမှုဘဝရဲ့ အဓိက တန်ဖိုးတွေကို လေ့ကျင့်မွေးမြူရပါမယ်၊ မိသားစုကိုရောတိုင်းပြည်ကိုပါ ချစ်မြတ်နိုးပြီး မိမိတို့ အပါအဝင် မိသားစုတွေအားလုံးရဲ့ တရုတ်လူမျိုးအိပ်မက်တွေကိုအကောင်အထည်ဖော်ဆောင်လိုက်ပါ” ဟုဆိုသည်။

၂၀၁၉ ခုနှစ် နှစ်သစ်ကူးပွဲတွင် သမ္မတရှီကျင့်ဖိန်က မျိုးဆက်သစ်တို့၏ ဘာသာတရားကိုင်းရှိုင်းမှုကောင်းမွန်မှုနှင့် နိုင်ငံအပေါ် သစ္စာရှိမှုများသည် ကောင်းမွန်သော ဓလေ့ထုံးတမ်းများဖြစ်ကြောင်းဆိုသည်။

ရှီက “မိသားစုတွေအားလုံး ကောင်းမွန်စွာအသက်မွေးနေထိုင်နိုင်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ ကုံလုံကြွယ်ဝမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုပေါ်မှာအခြေတည်ပါတယ်၊နောက်ပြီး ပျော်ရွှင်နေတဲ့မိသားစုတွေဟာ ချမ်းသာကြွယ်ဝတဲ့နိုင်ငံတစ်ခုအတွက် အခြေခံအုတ်မြစ်လည်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ ၈ ရက်၌ ကျင်းပခဲ့သော တရုတ်နိုင်ငံ၌ COVID-19 တိုက်ဖျက်ရေးကိုစွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများနှင့်တွေ့ဆုံစဉ်မှာ ” တရုတ်လူမျိုးတွေဟာ နိုင်ငံနဲ့ မိသားစုစိတ်ဓါတ်ကို အမြဲတမ်း ရင်ဝယ်ပိုက်ထားကြသူများဖြစ်ပါတယ်၊ကမ္ဘာကြီးဟာ ဘုံအကျိုးစီးပွား ကောင်းမွန်ဖို့ အတွက် နဲ့ နိုင်ငံပိုမိုသာလွန်ကောင်းမွန်ဖို့ လူတိုင်းမှာတာဝန်ရှိပါတယ်လို့သူတို့ယုံကြည်ကြပါတယ်၊ သူတို့ဟာ အတူတကွ ဆိုးအတူကောင်းဖက် ရင်ဆိုင်ဖြတ်သန်းရင်း ကြိုးပမ်းလုပ်ဆောင်မှုရဲ့ အရေးပါပုံကို အလေးထား ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဂရုစိုက်စောင့်ရှောက်ကြပါတယ်” ဟုဆိုသည်။

တရုတ်လူမျိုးများသည် မိသားစုများအပေါ် အမြဲတန်ဖိုးထားလေ့ရှိပါသည်။ဟန်ချက်ညီမျှသည့်မိသားစုများက ကုံလုံကြွယ်ဝသောတိုင်းပြည်တစ်ခုအားဖန်တီးနိုင်သည်။ ပြည့်စုံလုံလောက်မှုနှင့်နိုင်ငံအား ခွန်အားသစ်လောင်းခြင်း သည် မိသားစု သန်းပေါင်းရာနဲ့ချီတဲ့ ပျော်ရွှင်မှုအား ထင်ဟပ်စေပြီး ၎င်းတို့၏ ဘဝများတိုးတက်ကောင်းမွန်ဖို့ ဆက်လက်လုပ်ဆောင်ကြခြင်းဖြစ်ပါသည်။ (Xinhua)