Connect with us

Media

မူလတန်းနှင့်အလယ်တန်းကျောင်းသားလေးများ ထျန်းကျိုး-၃ ကုန်တင်အာကာသ ယာဉ်လွှတ်တင်မှု ကြည့်ရှုလေ့လာ

ဝန်ချန်း၊ ဟိုင်နန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အာကာသတွင်ဆောက်လုပ်နေသည့် အာကာသစခန်းသို့အထောက်အပံ့ပစ္စည်းများပို့ဆောင်ရန်ထျန်းကျိုး ၃ ကုန်တင်အာကာသယာဉ်အား တနင်္လာနေ့တွင်လွှတ်တင်ခဲ့သည်။

တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းရှိ မူလတန်း နှင့် အလယ်တန်းကျောင်းသား ၃၆ ဦးသည် တနင်္လာနေ့၌  ထျန်းကျိုး-၃ ကုန်တင်အာကာသယာဉ်လွှတ်တင်မှုအား တရုတ်နိုင်ငံ၏ ပထမဆုံး အာကာသ ယာဉ်မှူး ယန်လိဝေ နှင့်အတူ ကြည့်ရှုလေ့လာခဲ့သည်။

ယန်က ကလေးများအား တရုတ်နိုင်ငံ၏အာကာသအကြောင်းများကိုလည်း ရှင်းလင်းပြောပြခဲ့သည်။

ထိုအစီအစဉ်မှတစ်ဆင့် ကလေးများကို အာကာသသိပ္ပံအပေါ် စိတ်ဝင်စားမှုများအား ပျိုးထောင်ပေးနိုင်ရန် ယန်က မျှော်လင့်ထားကြောင်းဆိုသည်။

ယန်လိဝေက ” ကလေးတွေနဲ့အခုလိုလာရတာ သိပ်ပြီးပျော်ရွှင်မိပါတယ်၊  ဒီလိုလှုပ်ရှားမှုလေးတွေကနေ သူတို့ထဲက တစ်ချို့လေးတွေရဲ့ အနာဂတ်ကို အကျိုးသက်ရောက်မှုရှိလာမယ်လို့ကျွန်တော်ထင်ပါတယ်၊ ကျွန်တော့်ရဲ့ အယူအဆကလည်း ဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ကလေးတွေသိရှိခံစားစေတာဟာ အင်မတန်မှ အဓိပ္ပါယ်ရှိပါတယ်၊ အထူးသဖြင့် ဒီလို ဝေးလံဒေသကကလေးတွေအတွက်ပေါ့” ဟုဆိုသည်။

ထျန်းကျိုး ၃ ကုန်တင်အာကာသယာဉ်အား Long March-7 Y4 ဒုံးကျည်ဖြင့်သယ်ဆောင်ကာ တနင်္လာနေ့က တရုတ်နိုင်ငံတောင်ဘက်စွန်းဟိုင်နန်ကျွန်းရှိ ဝန်ချန်းအာကာသယာဉ်လွှတ်တင်ရေးစခန်းမှ စတင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

ထျန်းကျိုး ၃ ကုန်တင်အာကာသယာဉ်သည် အာကာသစခန်း၏ ပင်မစခန်းထျန်းဟဲ ၌ ရပ်နားပြီးနောက်ပိုင်းတွင် ထျန်းကျိုး ၂ ဖြင့် သွားရောက်ပေါင်းစည်းမည်ဖြစ်သည်။ (Xinhua)

……………………

(English Version)

Children watch launch of cargo craft Tianzhou-3 with China’s first astronaut

WENCHANG, Hainan, Sept. 20 (Xinhua) — A total of 36 primary and middle school students from central and western China watched the launch of cargo spacecraft Tianzhou-3 on Monday with Yang Liwei, China’s first astronaut entering space.

Yang also shared China’s space stories with the children.

He hoped, through the event, the children could develop interests in space science.

The Long March-7 Y4 rocket, carrying Tianzhou-3, blasted off from the Wenchang Spacecraft Launch Site in the southern island province of Hainan on Monday.

Tianzhou-3 will dock with the combination of the space station core module Tianhe and Tianzhou-2 cargo craft later.

 

Produced by Xinhua Global Service