Connect with us

Media

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသတွင်ရွေးကောက်ပွဲစနစ် အဆင့်မြှင့်တင်ပြီးနောက် ပထမဆုံးရွေးကောက်ပွဲစတင်

ဟောင်ကောင်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ HKSAR တွင် ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲကော်မတီ ကဏ္ဍခွဲ ပုံမှန်ရွေးကောက်ပွဲများကို တနင်္ဂနွေနေ့နံနက်က စတင်ကျင်းပခဲ့ရာ ၎င်းမှာ ယခုနှစ်အတွင်း ဟောင်ကောင်ဒေသ၏ ရွေးကောက်ပွဲ စနစ်အား အဆင့်မြှင့်တင်ပြီးနောက် ပထမဆုံးကျင်းပသည့်ရွေးကောက်ပွဲဖြစ်လာသည်။
မဲထည့်ချိန်အား ဟောင်ကောင် ဒေသ အနှံ့ရှိ သာမန်မဲရုံ ၅ ခုနှင့် အထူးမဲရုံတစ်ခုတို့၌ ဒေသစံတော်ချိန် မနက် ၉ နာရီမှ စတင်ကာ ညနေ ၆ နာရီအထိ သတ်မှတ်ကျင်းပခဲ့သည်။
ဟောကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအုပ်ချုပ်ရေးမှူး ကယ်ရီလမ်းက ယခုရွေးကောက်ပွဲများသည် ရွေးကောက်ပွဲစနစ်ပြုပြင်ပြောင်းလဲပြီးနောက်ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ကြောင်းနှင့် ဟောင်ကောင်ဒေသ၏မျိုးချစ်စိတ်ဖြင့်အုပ်ချုပ်ရေးမူဝါဒကို အကောင်အထည်ဖော်ခြင်းဖြင့် ဟောင်ကောင်ဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုသစ်ကိုဖော်ဆောင်ပေးနိုင်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့မနက်က ဆိုသည်။
ဥပဒေပြုကောင်စီ (LegCo) အဖွဲ့ဝင်များနှင့် နှင့် အုပ်ချုပ်ရေးမှူးရာထူးရွေးချယ်ရန် လာမည့်ရွေးကောက်ပွဲများအတွက် ယခုရွေးကောက်ပွဲများသည်ခိုင်လုံသောအခြေခံအုတ်မြစ်ဖြစ်လိမ့်မည်ဟု ကယ်ရီလမ်းက ဆိုသည်။
ယခုနှစ် မတ်လ ၁၁ ရက်တွင် ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ ရွေးကောက်ပွဲစနစ် အဆင့်မြှင့်တင်မည့်ဆုံးဖြတ်ချက်တစ်ရပ်အား ၁၃ ကြိမ်မြောက်အမျိုးသားပြည်သူ့ကွန်ဂရက်၏ စတုတ္တမြောက်ညီလာခံ၌ သဘောတူထောက်ခံမဲအများဆုံးဖြင့် အတည်ပြုဆုံးဖြတ်ခဲ့သည်။
အဆိုပါဆုံးဖြတ်ချက်အရ ရွေးကောက်ပွဲ ကော်မတီသည် ကဏ္ဍ ၅ ခု၌ အဖွဲ့ဝင်ပေါင်း ၁,၅၀၀ ဦးအားတိုးချဲ့သွားမည်ဖြစ်ပြီး ၎င်းတို့သည် အုပ်ချုပ်ရေးမှူးနေရာ နှင့် ဥပဒေပြုကောင်စီ (LegCo) အဖွဲ့ဝင်များ အား ရွေးချယ်မှုပြုလုပ်ရာတွင် တာဝန်ယူဆောင်ရွက်သွားရန် နှင့် အုပ်ချုပ်ရေးမှူးနေရာ နှင့် ဥပဒေပြုကောင်စီ (LegCo) အဖွဲ့ဝင်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့်သူများအား ရွေးချယ်သွားရန်တာဝန်ရှိကြောင်းသိရသည်။
ရွေးကောက်ပွဲကော်မတီ၏ အဖွဲ့ဝင်ပေါင်း ၁,၅၀၀ ဦး အနက် ဘုတ်အဖွဲ့ဝင်၃၂၄ ဦးအားလျာထား ရွေးချယ်သွားရန် ၊ ရွေးကောက်ပွဲကော်မတီအဖွဲ့ဝင်များအဖြစ် လူပေါင်း၁၅၆ ဦးအား တရားဝင် စာရင်းသွင်းရန် နှင့် ကိုယ်စားလှယ် ၆၀၃ ဦးအတွက် ယှဉ်ပြိုင်စရာမလိုဘဲတိုက်ရိုက် ခန့်အပ်ရန် နှင့် ကိုယ်စားလှယ် ၃၆၄ နေရာအတွက် ဝင်ရောက်အရွေးခံမည့် လူပေါင်း ၄၁၂ ဦးထဲမှ ရွေးချယ်သွားရန် တို့ ဖြစ်ကြောင်းသိရသည်။

(ရွေးကောက်ပွဲကော်မတီ၏ အဖွဲ့ဝင်အရေအတွက်မှာ LegCo ရွေးကောက်ပွဲမကျင်းပမီ ၁၅၀၀ ဦးထက်လျော့နည်းနေမည်ဖြစ်ပြီး LegCo ရွေးကောက်ပွဲ မကျင်းပရသေးခြင်း နှင့် ဘုတ်အဖွဲ့ဝင်အချို့၏နေရာများ ထပ်နေခြင်းတို့ကြောင့် ထိုသို့လျော့နည်းနေရခြင်း ဖြစ်ကြောင်းသိရသည်။) (Xinhua)

———————————–
(English Version)
GLOBALink | HKSAR starts first election after improvements to electoral system
HONG KONG, Sept. 19 (Xinhua) — The 2021 Election Committee’s subsector ordinary elections in China’s Hong Kong Special Administrative Region (HKSAR) started on Sunday morning, the first election after the improvements to Hong Kong’s electoral system earlier this year.
The voting hours of the elections at five ordinary polling stations and one dedicated polling station across Hong Kong began at 9:00 a.m. and will end at 6:00 p.m. local time.
HKSAR Chief Executive Carrie Lam said Sunday morning that the elections, the first after the electoral system improvements and the implementation of the principle of “patriots administering Hong Kong,” will bring new development to Hong Kong.
The elections will lay a sound foundation for the upcoming elections for the Legislative Council (LegCo) and the Chief Executive, she said.
On March 11 this year, a decision on improving the electoral system of the HKSAR was adopted by an overwhelming majority vote at the fourth session of the 13th National People’s Congress.
According to the decision, the Election Committee, expanded to 1,500 members of five sectors, is responsible for electing the Chief Executive designate and part of the LegCo members, as well as for nominating candidates for the Chief Executive and LegCo members.
Out of the 1,500 seats of the Election Committee, 325 people were determined to be validly registered as ex-officio members, 156 persons were validly nominated to be members of the Election Committee and 603 candidates would be uncontested, while 412 candidates would contest for 364 seats. (The actual number of members of the Election Committee will be fewer than 1,500 due to the LegCo election yet to be held and the overlapping status of some ex-officio members)

Produced by Xinhua Global Service