Connect with us

Media

SCO အဖွဲ့ဝင်နိုင်ငံများ၏ ” ငြိမ်းချမ်းရေး အစီအစဉ် ၂၀၂၁” ၏ ပထမဆုံး လက်တွေ့ပစ်ခတ်လေ့ကျင့်မှု

အော်ရန်ဘတ်၊ ရုရှား၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့အစည်း SCO အဖွဲ့ဝင်နိုင်ငံများ၏ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး စစ်ရေးလေ့ကျင့်မှု “ငြိမ်းချမ်းရေးအစီအစဉ် ၂၀၂၁” ၏ ပထမဆုံး လက်တွေ့ပစ်ခတ်လေ့ကျင့်မှုကို ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ရုရှားနိုင်ငံ အော်ရန်ဘတ်မြို့တွင်ကျင်းပခဲ့သည်။
လက်တွေ့ပစ်ခတ်လေ့ကျင့်မှုအား Donguz တောင်တန်းပေါ်၌ အချိန် တစ်နာရီခန့်ကြာ ပြုလုပ်ခဲ့သည်။ လေ့ကျင့်မှုအား အကြမ်းဖက်မှုတန်ပြန်တိုက်ခိုက်ရေး အစီအစဉ်များ ရေးဆွဲခြင်း နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုပိုမိုခိုင်မာအားကောင်းစေရန်ရည်ရွယ်လေ့ကျင့်ခြင်း ဖြစ်သည်။
စစ်ရေးလေ့ကျင့်မှုအား အော်ရန်ဘတ်မြို့တွင် စက်တင်ဘာလ ၁၁ ရက်မှ ၂၅ ရက်အထိကျင်းပသွားမည်ဖြစ်သည်။ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံအပါအဝင် SCO အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ရုရှား၊ ကာဇက်စတန်၊ တာ့ဂျစ်ကစ္စတန်၊ ကာဂျစ်စတန်၊ အိန္ဒိယ၊ ပါကစ္စတန် နှင့် ဥစဘက်ကစ္စတန်နိုင်ငံတို့ပါဝင်သည်။ စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်ပေါင်း ၄,၀၀၀ ကျော်ပါဝင်ပြီးထိုအထဲတွင် တရုတ်နိုင်ငံမှ ၅၅၈ ဦး ပါဝင်သည်။
လေ့ကျင့်ရေးလုပ်ငန်းစဉ်များသည် SCO ၏ မူဘောင်အတွင်းမှ ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများအကြား ကာကွယ်ရေးနှင့်လုံခြုံရေးကိုတိုးမြှင့်ရန်၊ အသစ်အသစ်သောစိန်ခေါ်မှုများနှင့်ခြိမ်းခြောက်မှုများအား ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်စွမ်းတိုးတက်လာစေရန်နှင့် အဖွဲ့ဝင်နိုင်ငံများအကြားအတူပူးပေါင်းကာ ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို စောင့်ကြပ်ကာကွယ်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်သည်။ (Xinhua)
#SCO #Peacemission2021 #live_firedrill #ShanghaiCooperationOrganization #Russia #Orengburg #China #Myanmar #xinhua #xinhuamyanmar #ငြိမ်းချမ်းရေးစစ်ရေးလေ့ကျင့်မှု #လက်တွေ့ပစ်ခတ်မှု #ရုရှားနိုင်ငံ#တရုတ်နိုင်ငံ #မြန်မာ #ဆင်ဟွာ #ဆင်ဟွာမြန်မာ
……………..
(English Version)
GLOBALink | SCO “Peace Mission 2021” holds 1st live-fire drill
ORENBURG, Russia, Sept. 17 (Xinhua) — Troops participating in the “Peace Mission 2021,” a counter-terrorism military exercise for Shanghai Cooperation Organization (SCO) member states, held their first live-fire drill in Orenburg, Russia on Wednesday. The live-fire exercise, conducted at the Donguz range, lasted about one hour.
The drill was aimed at examining the joint anti-terrorism operation plans and strengthen coordination in the joint operations.
The exercise is being held in Orenburg from Sept. 11 to 25. The participants are from eight SCO member states, including China, Russia, Kazakhstan, Tajikistan, Kyrgyzstan, India, Pakistan, and Uzbekistan.
The participating troops consist of around 4,000 military personnel, among which 558 are from China. The routine exercise within the framework of the SCO is aimed at deepening defense and security cooperation among member states, improving their ability to cope with new challenges and threats, and jointly safeguarding regional peace and security.
Produced by Xinhua Global Service

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.