Connect with us

Videos

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းချုံချင့်တွင် ပထမဆုံးမောင်းသူမဲ့ဘတ်စ်ကားလမ်းကြောင်းစတင်ပြေးဆွဲ

ချုံချင့်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြူနီစပယ်ဒေသတွင် မောင်းသူမဲ့ ဘတ်စ်ကားလမ်းကြောင်းတစ်ခုအား စမ်းသပ်ပြေးဆွဲလျက်ရှိသည်။

လတ်တလောတွင် မောင်းသူမဲ့ဘတ်စ်ကားဝန်ဆောင်မှုအား အခမဲ့ပြေးဆွဲနေပြီး အရေးပေါ်အခြေအနေများအတွက် ယာဉ်လုပ်သားများ စီးနင်းလိုက်ပါကြောင်းသိရသည်။

အင်ဂျင်နီယာတစ်ဦးဖြစ်သူ Zhang Disi က “ချုံချင့်ရှိအဆင့်မြင့်နည်းပညာရပ်ဝန်းမှာ မောင်းသူမဲ့ယာဉ်စမ်းသပ်မောင်းနှင်ပြသခြင်းစီမံကိန်းဟာ အကျယ်အဝန်း ၅.၄ ကီလိုမီတာ ပတ်လည်ရှိပြီး ဘတ်စ်ကားဂိတ်၆ ခုရှိပါတယ်၊ ဒီစီမံကိန်းကို အပိုင်း ၂ ပိုင်းနဲ့ လုပ်ဆောင်တာပါ၊ လမ်းဆောက်လုပ်ရေးမှာလုပ်ဆောင်ခဲ့တာကတော့ စမတ်နည်းပညာသုံးဘတ်စ်ကားဂိတ်တွေကိုတည်ဆောက်ခဲ့ပြီး စမတ်မျဉ်းကျားတွေကိုရေးဆွဲလုပ်ဆောင်ထားပါတယ် နောက်ပြီး စမတ်ဆင်ခြေလျှောတွေကိုလည်းထည့်သွင်းထားပါတယ်၊ ဘတ်စ်ကားရဲ့ ဒီဇိုင်းကတော့ အဆင့်မြင့် မောင်းသူမဲ့ ဘတ်စ်ကားနှစ်စင်းမှာ ကျွန်တော်တို့က 5G/C-V2x ဆက်သွယ်ရေး နှင့် နောက်ဆုံးပေါ် ကွန်ပျူတာနည်းပညာတွေကို ထောက်ပံ့ပေးထားပြီး တိကျတဲ့ မြင်ကွင်းတွေကိုဖမ်းယူနိုင်စေပါတယ်၊ ဒါ့အပြင်လမ်းတွေနဲ့ယာဉ်တွေအကြားသတင်းအချက်အလက်တွေကိုမျှဝေနိုင်အောင်ဆောင်ရွက်ထားပါတယ်။” ဟုဆိုသည်။ (Xinhua)

……………..

(English Version)

Trial operations of SW China’s Chongqing’s first self-driving bus route begin

CHONGQING, Sept. 16 (Xinhua) — Trial operations of an autonomous bus line have begun in southwest China’s municipality of Chongqing.

The services are currently free of charge, with staff members on board in case of emergencies.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.