Connect with us

Media

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု အလျင်မြန်ဆုံးတိုးတက်မှုရှိ

ဟိုင်ခို၊ အောက်တိုဘာ ၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု တိုးတက်လာခြင်းသည် ယခုနှစ် ပထမ ၉ လအတွင်း နိုင်ငံတစ်ဝန်း ပြည်နယ်အဆင့်ဧရိယာများအကြား ပထမနေရာ၌ ရှိနေပြီး ဟိုင်နန်ကျွန်းပြည်နယ်၏ စီးပွားရေးတက်ကြွမှုတွင် ထင်ရှားသောလက္ခဏာတစ်ခုလည်း ဖြစ်ကြောင်း သိရသည်။

ဟိုင်နန်ပြည်နယ်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုပမာဏသည် ယခင်နှစ် အလားတူကာလထက် ၁၆.၃၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး ယင်းကာလအတွင်း ကီလိုဝပ်နာရီ ၃၆.၄၆ ဘီလီယံအထိ ရှိခဲ့ကြောင်း China Southern Power Grid ၏ ဟိုင်နန်ရုံးခွဲအရ သိရသည်။ အဆိုပါ ကာလအတွင်း တတိယအဆင့်စက်မှုလုပ်ငန်းများမှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏမှာ ကီလိုဝပ်နာရီ ၁၃.၂၂ ဘီလီယံအထိ ရောက်ရှိလာခဲ့ပြီး ခရီးသွားလုပ်ငန်းဈေးကွက် စဉ်ဆက်မပြတ် ပြန်လည်ကောင်းမွန်လာခြင်းကြောင့် များစွာ တိုးတက်လာခဲ့ကြောင်း ကုမ္ပဏီက ဆိုသည်။ လက်ကားနှင့် လက်လီကဏ္ဍတွင် စွမ်းအင်အသုံးပြုမှုသည်လည်း ၄၀.၀၇ ရာခိုင်နှုန်း တိုးတက်လာခဲ့ကာ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်းများ၌ တိုးတက်မှုနှုန်းမှာ ၂၁.၉၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ တရုတ်နိုင်ငံသည် ရာစုနှစ်လယ်တွင် ဟိုင်နန်ပြည်နယ်ကို ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံနိုင်သော အဆင့်မြင့် လွတ်လပ်သော ကုန်သွယ်မှုဆိပ်ကမ်းအဖြစ် တည်ဆောက်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဇွန်လတွင် မာစတာပလန်ကို ထုတ်ပြန်ကြေညာခဲ့သည်။ မကြာသေးမီနှစ်များအတွင်း အဆိုပါ ပြည်နယ်သည် ဝယ်ယူသုံးစွဲဿူများအတွက် ဆွဲဆောင်မှုရှိသော ဈေးဝယ်နေရာတစ်ခု ဖြစ်လာခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………..
(English Version)
Hainan sees fastest electricity consumption growth in China
HAIKOU, Oct. 26 (Xinhua) — The electricity consumption growth in south China’s Hainan Province ranked first among the provincial areas in the country in the first three quarters, a remarkable sign of the economic vitality of the island province.
The electricity consumption volume in Hainan surged by 16.36 percent year on year to 36.46 billion kWh during the period, according to the Hainan branch of the China Southern Power Grid.
The total electricity volume consumed by the tertiary industry reached 13.22 billion kWh, with the growth largely thanks to the constantly recovering tourism market, the company said.
The power use in the wholesale and retail sectors grew by 40.07 percent, while its growth rate in the hotel and catering sectors reached 21.98 percent.
China released a master plan in June 2020 to build Hainan into a globally influential and high-level free trade port by the middle of the century. Over recent years, the island province has become an attractive shopping destination for consumers.