Connect with us

Media

တန်ဇန်းနီးယားနိုင်ငံ ဗစ်တိုးရီးယားရေကန်တွင် လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူအရေအတွက် ၁၉ ဦးထိ တိုးလာ

ဒါအိစ်ဆာလမ် ၊ နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ)

လူပေါင်း ၄၀ ခန့် တင်ဆောင်လာသည့် တန်ဇန်းနီးယားခရီးသည်တင်လေယာဉ်တစ်စင်းသည် တန်ဇန်းနီးယားနိုင်ငံ အနောက်ပိုင်း Kagera ဒေသရှိ လေဆိပ်တစ်ခု၌ ဆင်းသက်ခြင်းမပြုမီ နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းက ဗစ်တိုးရီးယားရေကန်စပ်တွင် ပျက်ကျသွားခဲ့ကြောင်း သိရသည်။

Kagera ဒေသမှ ဖော်ပြသောသတင်းများအရ ယင်းလေယာဉ်သည် ဒါအိစ်ဆာလမ်ဒေသမှ Kagera ဒေသရှိ Bukoba လေဆိပ်သို့ ပျံသန်းလာခဲ့ခြင်း ဖြစ်ပြီး မုန်တိုင်းနှင့်တွေ့ကြုံခဲ့ပြီးနောက် ရေကန်စပ်တွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တန်ဇန်းနီးယားနိုင်ငံ ဝန်ကြီးချုပ် Kassim Majaliwa က လေယာဉ်ပျက်ကျမှု ဖြစ်ပွားရာနေရာသို့ သွားရောက်ခဲ့ပြီး လေယာဉ်ပျက်ကျမှုကြောင့် သေဆုံးသူအရေအတွက်မှာ နိုဝင်ဘာ ၆ ရက်မွန်းလွဲနှောင်းပိုင်းအထိ ၁၉ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ပြောကြားခဲ့သည်။

ခရီးသည်တချို့မှာ လေယာဉ်အပျက်အစီးများအတွင်း ပိတ်မိနေသေးဖွယ်ရှိကြောင်း ဝန်ကြီးချုပ် Kassim Majaliwa က ပြောကြားခဲ့သည်။

လေယာဉ်ပိုင်ရှင်ဖြစ်သော Precision Air လေကြောင်းလိုင်းက ရေကန်အတွင်း ပျက်ကျသွားခဲ့သည့် ATR-48 လေယာဉ်ပေါ်တွင် လေယာဉ်အမှုထမ်း ၄ ဦး ၊ လူကြီး ၃၈ ဦး နှင့် ကလေးငယ် ၁ ဦး အပါအဝင် ခရီးသည် ၃၉ ဦးတို့ လိုက်ပါသွားခဲ့ကြောင်း သီးခြားထုတ်ပြန်ချက်တစ်ရပ်၌ ဖော်ပြထားသည်။ (Xinhua)

…………………………………..

(English Version)

Tanzania’s Lake Victoria plane crash death toll rises to 19
STANDUP (English): NURDIN PALLANGYO, Xinhua reporter
“A Tanzanian passenger plane reportedly carrying some 40 people crashed into the shores of Lake Victoria on Sunday morning, before a touchdown at an airport in Tanzania’s western region of Kagera.
Reports from Kagera region said the plane was flying from Dar es Salaam region to Bukoba airport in Kagera region, crashed into the shores of the lake after it was hit by a storm.”
Tanzanian Prime Minister Kassim Majaliwa later visited the crash site. He said the death toll from the plane crash had risen to 19 by late Sunday afternoon.
Majaliwa said it was likely that some passengers were still trapped in the plane’s wreckage.
Precision Air, owner of the plane, said in a separate statement there were 39 passengers, including 38 adults and one infant, and four crew members flying on the ATR-48 aircraft before it crash-landed in Lake Victoria.
Xinhua News Agency correspondents reporting from Dar es Salaam, Tanzania.
(XHTV)