Connect with us

Media

တရုတ်နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးစွမ်းဆောင်မှုများ မြှင့်တင်ပေးမည့် ပြည်တွင်းထုတ်လေယာဉ်များ

ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ လေကြောင်းလုပ်ငန်းသည် ပြည်တွင်းထုတ် လေယာဉ်များ အဆင့်မြှင့်တင်ခြင်းဖြင့် နိုင်ငံ၏ အရေးပေါ်ကယ်ဆယ်ရေးစွမ်းဆောင်မှုများကို မြှင့်တင်လျက်ရှိသည်။ ပြည်တွင်းထုတ် အရပ်ဘက်သုံးလေယာဉ်များစွာသည်လည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေပြီဖြစ်သည်။

AG600M လေယာဉ်သည် အဓိကကျသော စမ်းသပ်မှုများကို မကြာသေးမီက လုပ်ဆောင်ခဲ့သည်။ မီးငြှိမ်းသတ်ရေးအတွက် ရည်ရွယ်ထားသော ၎င်းလေယာဉ်ကို တောမီးလောင်မှုများကို ငြှိမ်းသတ်ရန် ပုံစံထုတ်လုပ်ထားခြင်းဖြစ်သည်။

Z15 (AC352) လေယာဉ်မှာမူ အရပ်ဘက်လေကြောင်းပျံသန်းမှုအာဏာပိုင်များထံမှ အသိအမှတ်ပြုလက်မှတ်ကို ရရှိထားပြီဖြစ်ကြောင်း သိရသည်။ အလယ်အလတ်အရွယ်အစားရှိသော အဆိုပါ အရပ်ဘက်သုံး ရဟတ်ယာဉ်မှာ ခရီးသည် ၁၆ ဦးကို တင်ဆောင်နိုင်ကြောင်းနှင့် ရှာဖွေရေးနှင့် ကယ်ဆယ်ရေး အပါအဝင် မတူညီသော မစ်ရှင်ပေါင်းများစွာကို ထိရောက်မှုမြင့်မားစွာ စွမ်းဆောင်နိုင်ကြောင်း သိရသည်။
Wing Loong လေယာဉ်ကြီး အပါအဝင် အရပ်ဘက်သုံး UAV မိသားစုဝင် အမျိုးမျိုးသောမော်ဒယ်များမှာ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများတွင် ကြီးမားသော အလားအလာကို ပြသလျက်ရှိသည်။

အဆိုပါ လေယာဉ်များသည် မိုးခေါင်ရေရှားမှုဖြစ်ပွားသောဒေသများအပေါ် မျိုးစေ့ကြဲခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို ငလျင်ဒဏ်သင့်နေရာများတွင် အရေးပေါ်ဆက်သွယ်ရေးပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် အမျိုးသား အရေးပေါ်စီမံခန့်ခွဲမှုစနစ် အဆင့်မြှင့်တင်ရန် အဆိုပြုထားခြင်းဖြစ်သည်။

ပြည်တွင်းထုတ်လေယာဉ်များနှင့် နည်းပညာများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ (Xinhua)

………………………………………………

(English Version)

GLOBALink | Homegrown aircraft bolster China’s emergency rescue capabilities
China’s aviation industry has bolstered the country’s emergency rescue capabilities by advancing improvements of independently-developed aircraft. A range of homegrown civil aircraft are moving ahead to serve emergency rescue missions.
The AG600M aircraft recently conducted pivotal tests. The ambhibious firefighting aircraft is designed to combat forest fires.
The Z15 (AC352) has obtained certification from the civil aviation authorities. The medium-sized civil helicopter can carry up to 16 passengers. It is highly efficient in a diverse range of missions, including search and rescue.
Here comes the Wing Loong large civil UAV family.
Diverse models of the UAV family have shown vast potential in emergemcy rescue.
They have conducted missions, such as cloud seeding over drought-hit regions and supported emergency communicationa in quake-hit areas.
China has proposed to improve the national emergency management system.
More homegrown aircraft and technologies are underway.