Connect with us

Media

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်အတွင်းက ညမီးပုံးပျံ လွှတ်တင်ပြိုင်ပွဲ

ပြင်ဦးလွင် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကာလအတွင်း ညပိုင်းမှာ မီးပလုတ်တုတ်များ ချိတ်ဆွဲကာ လွှတ်တင်ရတဲ့ စိန်နားပန် မီးပုံးပျံ အလုံးရေ ၁၇ လုံး၊ မီးရှူးမီးပန်းများ ပစ်လွှတ်ကာ လွှတ်တင်ယှဉ်ပြိုင်ရတဲ့ ညမီးကျည်မီးပုံးပျံ ၁၄ လုံး စုစုပေါင်း မီးပုံးပျံ အလုံးရေ ၃၁ လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။ စိန်နားပန်မီးပုံးပျံမှာ မီးပုံးပျံ အပြင်ကိုယ်ထည်ပေါ်နှင့် အောက်ခြေတွင် မီးပုံးအရောင်အမျိုးမျိုးဖြင့် ရုပ်ပုံများဖြင့်သော်လည်းကောင်း စာလုံးများဖြင့်သော်လည်းကောင်း ပုံဖော်ကာ လွှတ်တင်ကြသည့် မီးပုံးပျံ အမျိုးအစား ဖြစ်ပါတယ်။
ညမီးကျည်မီးပုံးပျံမှာတော့ အောက်ခြေတွင် ယမ်းခွေပါဝင်ပြီး မီးပုံးပျံ ပျံတက်တဲ့အခါ မီးရှူးမီးပန်းများပစ်လွှတ်ကာ ညမြင်ကွင်းကို အလှဆင်သည့် ပုံစံပြုလုပ်ကြလေ့ရှိကြပါတယ်။
ယခုနှစ် ငါးရက်ကြာပြုလုပ်သော ပွဲတော်ကာလအတွင်း နေ့အချိန်နှင့် ညအချိန် မီးပုံးပျံလွှတ်တင်ခြင်း၊ ရိုးရာအကများ၊ တေးဂီတဖျော်ဖြေပွဲများနှင့် အားကစားပြိုင်ပွဲများ ပါဝင်ခဲ့ကြောင်း သိရပါတယ်။ (Xinhua)