Connect with us

Media

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ် ညမီးပုံးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြ

ပြင်ဦးလွင် ၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် တည်ထားကိုးကွယ်သည့် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရားကြီး (ပြည်ချစ်ဘုရားကြီး)၏ ၁၆ ကြိမ်မြောက် တန်ဆောင်တိုင်ပွဲတော်အတွင်း နိုဝင်ဘာ ၆ ရက် ညပိုင်းတွင် ညမီးပုံးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ကာလ အတွင်း ညပိုင်း၌ မီးပလုတ်တုတ်များ ချိတ်ဆွဲကာ လွှတ်တင်ရသည့် စိန်နားပန် မီးပုံးပျံ အလုံးရေ ၁၇ လုံး၊ မီးရှူးမီးပန်းများ ပစ်လွှတ်ကာ လွှတ်တင်ယှဉ်ပြိုင်ရသည့် ညမီးကျည်မီးပုံးပျံ ၁၄ လုံး စုစုပေါင်း မီးပုံးပျံ အလုံးရေ ၃၁ လုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ (Xinhua)