Connect with us

Media

တရုတ်နိုင်ငံ ထျန်းကျင်းမြို့တွင် ဥရောပသို့ သွားမည့် ကွန်တိန်နာသယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ် ဖွင့်လှစ်

ထျန်းကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း သင်္ဘောကုမ္ပဏီတစ်ခုဖြစ်သည့် HMM (Hyundai Merchant Marine)သည် တရုတ်နိုင်ငံ မြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းနှင့် ဥရောပအဓိကဆိပ်ကမ်းများကို ချိတ်ဆက်သော ကွန်တိန်နာ သယ်ယူပို့ဆောင်ရေး လမ်းကြောင်းသစ်ကို ဧပြီ ၆ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

HMMသည် TEU ၂၄,၀၀၀ ရှိ အကြီးစား ကွန်တိန်နာတင် သင်္ဘော ၁၂ စင်းကို အပတ်စဉ် ပြေးဆွဲအသုံးပြုသွားမည် ဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ ပြောကြားချက်များအရ သိရသည်။

အဆိုပါသင်္ဘောဖြင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်းသည် စပိန်ရှိ Algeciras၊ နယ်သာလန်ရှိ Rotterdam၊ ဂျာမနီရှိ Hamburg၊ ဘယ်လ်ဂျီယမ်ရှိ Antwerp တို့အပါအဝင် ဥရောပရှိ အဓိက ဆိပ်ကမ်းများနှင့်ချိတ်ဆက်သွားမည် ဖြစ်သည်။ (Xinhua)
……………………………..
(English Version)
China’s Tianjin opens new container shipping route to Europe
HMM (Hyundai Merchant Marine), a leading shipping company in the Republic of Korea, on Thursday opened a new direct container shipping route linking north China’s Tianjin Port with major European ports.
According to the company, HMM will put 12 24,000 TEU (twenty-foot equivalent unit) ultra-large container ships into weekly operation.
The shipping route will connect Tianjin with major European ports, including Algeciras in Spain, Rotterdam in the Netherlands, Hamburg in Germany and Antwerp in Belgium.