Connect with us

Media

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်

ရန်ကုန် ၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ဇွန် ၁၉ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ဇွန်လ ၁၉ ရက်နေ့တွင် လု ၊ ချန်၊ တိန့် စသည့် ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်ကြောင်း သံသယရှိသူ ၆ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရုတ်နိုင်ငံရဲတပ်ဖွဲ့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးခဲ့ပြီး ထိုနေ့တွင် တရုတ်နိုင်ငံသို့ ဖမ်းဆီးပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ၆ ဦးကို မြန်မာ-ထိုင်းနယ်စပ်၌ တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ဆက်သွယ်ရေးလိမ်လည်မှုနှိမ်နင်းရေးလှုပ်ရှားမှုအတွင်း ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ယခုလုပ်ရပ်သည် နယ်စပ်ဖြတ်ကျော် ပြစ်မှုကျူးလွန်မှု၊ အထူးသဖြင့် လိမ်လည်မှု၊ လောင်းကစား ရာဇဝတ်မှုများကို တရုတ်-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် ပူးပေါင်းနှိမ်နင်းသည့် ခိုင်မာသောစိတ်ပိုင်းဖြတ်မှုနှင့် ဆန္ဒများကို ဖော်ပြနေကြောင်း သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံတို့နှင့် လက်တွေ့ကျသော တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်မြှင့်တင်ပြီး ယင်းကဲ့သို့ ပြစ်မှုကျူးလွန်မှုများကို တင်းကျပ်စွာနှိမ်နင်းကာ ပြည်သူလူထု၏ ပိုင်ဆိုင်မှုများ ဘေးကင်းလုံခြုံရေးကို လက်တွေ့ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (Xinhua)