Connect with us

China

တရုတ်နိုင်ငံ အလယ်ပိုင်းရှိ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သော လော့ယန်မြို့၏ ရှုမျှော်ခင်း

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လော့ယန်မြို့ လော့လုံခရိုင်ရှိ တိန်တိန်မန်ရင်ပြင်၌ မီးရှူးမီးပန်းများပစ်ဖောက်နေသည်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကျိန့်ကျိုး၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟဲနန်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော်တစ်ခုဖြစ်သော လော့ယန်မြို့တွင် ခမ်းနားကြီးကျယ်သော တရုတ်ယဉ်ကျေးမှုကြား ထူးချွန်ပြောင်မြောက်သော အမည်နာမတစ်ခုရှိသည်။ နှစ်ပေါင်း ၄,၀၀၀ ကျော် သက်တမ်းနှင့်အတူ ထိုမြို့သည် တရုတ်မင်းဆက် ၁၃ ဆက်၏ မြို့တော်အဖြစ် တည်ရှိခဲ့သည်။

ယနေ့ခေတ် လော့ယန်မြို့တွင် မြို့တော် ၅ မြို့၏ အမွေအနှစ်များ၊ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်နေရာ ၆ ခု၊ နိုင်ငံနှင့် ပြည်နယ်အဆင့် ကာကွယ်ထိန်းသိမ်းမှုအောက်ရှိ ယဉ်ကျေးမှုအမွေအနှစ် ယူနစ် ၁၉၇ ခု၊ မရွှေ့မပြောင်းနိုင်သော ယဉ်ကျေးမှု အမွေအနှစ် ၉,၀၀၀ ခုနှင့် ပြတိုက် ၁၀၂ ခု တည်ရှိသည်။

ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ထိန်းသိမ်းခြင်းကို ခိုင်မာအားကောင်းစွာ ဆောင်ရွက်လျက်ရှိသော လော့ယန်မြို့တွင် မကြာသေးမီနှစ်များအတွင်း တီထွင်ဆန်းသစ်မှုရှိသော အသွင်ပြောင်းလဲမှုကို လေ့လာဖော်ထုတ်ကာ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ် ရတနာများကို အားအင်သစ်ဖြည့်တင်းပေးခဲ့ကြောင်း သိရသည်။ (Xinhua)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လော့ယန်မြို့ရှိ လုံမန်လိုဏ်ဂူသို့ လာရောက်လည်ပတ်သူများကို ၂၀၂၃ ခုနှစ် ဇွန် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဟဲနန်ပြည်နယ် လော့ယန်မြို့ရှိ အဲ့လီထို ရှေးဟောင်းအမွေအနှစ်ပြတိုက် အပြင်ဘက်မြင်ကွင်းကို ၂၀၂၃ ခုနှစ် ဇွန် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………….

 

(English Version)
A glimpse of Luoyang, an ancient capital city with new vitality in C China
ZHENGZHOU, June 21 (Xinhua) — Luoyang, an ancient capital city in central China’s Henan Province, has been a dazzling name amid the splendid Chinese civilization. With over 4,000 years of history, the city served as the capital for 13 Chinese dynasties.
Present-day Luoyang is home to five capital city ruins, six UNESCO World Heritage sites, 197 cultural relic units under national and provincial protection, 9,000 pieces of immovable cultural relics, and 102 museums.
While strengthening the preservation of cultural relics with tailored measures, Luoyang has, in recent years, explored innovative transformation and injected new vitality into its historical and cultural treasures.
Photo 1: People view a fireworks show at Dingdingmen square in Luolong District of Luoyang City, Jan. 22, 2023. (Xinhua/Hao Yuan)
Photo 2: Tourists visit the Longmen Grottoes in Luoyang, central China’s Henan Province, June 5, 2023.(Xinhua/Hao Yuan)
Photo 3: This aerial photo taken on June 6, 2023 shows an exterior view of Erlitou Relic Museum in Luoyang, central China’s Henan Province.(Xinhua/Hao Yuan)