Connect with us

Media

တရုတ်နိုင်ငံနှင့်အာဆီယံတို့က ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေး ဖိုရမ်ကျင်းပ

နန်နင်း ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)

လူမှုဖွံ့ဖြိုးတိုးတက်ရေး နှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဆိုင်ရာ ၁၇ ကြိမ်မြောက် အာဆီယံ-တရုတ် ဖိုရမ်အား တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ပေဟိုင်ကမ်းရိုးတန်းမြို့၌ ဇွန် ၂၆ ရက်တွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းဖိုရမ်သည် တရုတ်နိုင်ငံ နှင့် အာဆီယံနိုင်ငံများအကြား ဆင်းရဲနွမ်းပါးမှုလျှော့ချရေး နှင့် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအားကောင်းစေရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ကဏ္ဍအသီးသီးမှ ပါဝင်သူ ၂၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

……………………….
(English Version)
China, ASEAN hold forum to deepen poverty reduction cooperation
The 17th ASEAN-China Forum on Social Development and Poverty Reduction opened on Monday in the coastal city of Beihai in south China’s Guangxi Zhuang Autonomous Region.
More than 200 participants from various sectors attended the forum, which aimed to strengthen the cooperation on poverty reduction and rural development between China and ASEAN countries.
Xinhua News Agency correspondents reporting from Nanning, China.(XHTV)