Connect with us

Media

တရုတ်နိုင်ငံ၏ ဖွံဖြိုးရေးဇုန်များက နိုင်ငံခြားကုမ္ပဏီ ၃၀,၀၀၀ ကျော်ကို ဆွဲဆောင်လျက်ရှိ

နန်နင်း၊ ဇွန် ၂၉ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ နိုင်ငံအဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဇုန်များက နိုင်ငံခြားကုမ္ပဏီ ၃၀,၀၀၀ ကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန် ၂၇ ရက်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံရှိ ပြည်နယ်အဆင့်ဒေသ ၃၁ ခုတွင် ဖွံ့ဖြိုးတိုးတက်မှုဇုန် ၂၃၀ ခုရှိပြီး စီးပွားရေးလုပ်ငန်းပေါင်း ၄ သန်းကျော် လုပ်ကိုင်ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံအဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဇုန်များ မြှင့်တင်ရေးအခမ်းအနားတစ်ခု၌ စီးပွားကူးသန်းဝန်ကြီးဌာနက ပြောခဲ့သည်။

Fortune 500 စာရင်းဝင်စီးပွားရေးလုပ်ငန်း ၃၀၀ ကျော်ကလည်း အဆိုပါ ဖွံ့ဖြိုးတိုးတက်မှုဇုန်များ၌ ရုံးချုပ်များနှင့် သုတေသနစင်တာများ တည်ထောင်ထားရှိကြောင်း သိရသည်။

ယမန်နှစ်က နိုင်ငံအဆင့် စီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုဇုန်များက ဒေသဆိုင်ရာ ဂျီဒီပီ ယွမ် ၁၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၀၈ ထရီလီယံခန့်) ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်ကထက် ၁၁၇ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြာင်း သိရသည်။

အဆိုပါဖွံ့ဖြိုးတိုးတက်မှုဇုန်များသည် ကမ္ဘာ့စက်မှုလုပ်ငန်းစနစ်တွင် တရုတ်နိုင်ငံ စီးပွားရေးပေါင်းစည်းမှုအတွက် အရေးပါသော ပလက်ဖောင်းတစ်ခုလည်းဖြစ်သည်။ (Xinhua)

……………………………….
(English Version)
China’s development zones attract over 30,000 foreign companies

NANJING, June 27 (Xinhua) — China’s state-level economic and technological development zones have attracted more than 30,000 foreign-funded companies, the Ministry of Commerce said Tuesday.
The country currently has 230 such development zones in 31 provincial-level regions, gathering more than 4 million enterprises, the ministry said at an event promoting the state-level economic and technological development zones.
Over 300 Fortune 500 enterprises have established headquarters or research centers in these development zones.
Last year, the state-level economic and technological development zones generated a regional GDP of 15 trillion yuan (about 2.08 trillion U.S. dollars), increasing 117 percent over 2013.
These development zones have become a vital platform for China’s economic integration into the global industrial system.
Photo: An autonomous vehicle (1st R) is in driverless test on a road in Yizhuang of Beijing, capital of China, Oct. 19, 2021.(Xinhua/Peng Ziyang)