Connect with us

Media

ဟောင်ကောင်ဒေသအစိုးရက တရုတ်နိုင်ငံ ဆန့်ကျင်ရေး တရားခံပြေးများကို ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းမှုများ အရှိန်မြှင့်တင်သွားမည်ဟု အုပ်ချုပ်ရေးမှူး ပြောကြား

ဟောင်ကောင် ၊ ဇူလိုင် ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အုပ်ချုပ်ရေးမှူး လီကျားချောင်းက ဟောင်ကောင်ဒေသ အစိုးရအနေဖြင့် အလိုရှိသည့်စာရင်းရှိ တရုတ်နိုင်ငံဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်သူ ၈ ဦးကို ရှာဖွေဖမ်းဆီးရန် ကြိုးပမ်းမှုများ အရှိန်မြှင့်တင်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၁ ရက်တွင် ပြောကြားခဲ့သည်။

ဟောင်ကောင်ရဲတပ်ဖွဲ့က တရုတ်နိုင်ငံဆန့်ကျင်ရေး သွေးထိုးလှုံ့ဆော်သူများ ဖြစ်သည့် Yam Kin-fung ၊ Yuan Gong-yi ၊ Kwok Fung-yee ၊ Kwok Wing-hang ၊ Hui Chi-fung ၊ Mung Siu-tat ၊ Lau Cho-dik နှင့် Law Kwun-chung တို့ ၈ ဦးသည် ဟောင်ကောင်ဒေသ၌ အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် အစောပိုင်းက ဝရမ်းထုတ်ခဲ့ပြီး ၎င်းတို့တစ်ဦးစီကို ဖမ်းဆီးနိုင်ရေးအတွက် ဟောင်ကောင်ဒေါ်လာ ၁ သန်း (အမေရိကန်ဒေါ်လာ ၁၂၇,၇၅၀ ) ဆုကြေးထုတ်ထားကြောင်း သိရသည်။

၎င်းတို့သည် ဟောင်ကောင် အမျိုးသားလုံခြုံရေးဥပဒေအား ချိုးဖောက်ထားသူများ ၊ အမျိုးသားလုံခြုံရေးအား အန္တရာယ် ဖြစ်စေသူများနှင့် ကြီးလေးသောပြစ်မှုများတွင် ပါဝင်ပတ်သက်သူများ ဖြစ်ကြောင်း ၊ ၎င်းတို့ကို ငွေကြေးထောက်ပံ့သူများနှင့် နောက်ကွယ်မှ ပါဝင်သူများကိုလည်း စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး လီကျားချောင်းက အမှုဆောင်ကောင်စီအစည်းအဝေး မတိုင်မီပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ (Xinhua)

……………………………
(English Version)
HKSAR gov’t to step up efforts to hunt down anti-China fugitives: chief executive
John Lee, chief executive of the Hong Kong Special Administrative Region (HKSAR), said on Tuesday that the HKSAR government will step up efforts to hunt down eight anti-China agitators on a wanted list.
The Hong Kong Police Force said earlier that eight anti-China agitators, Yam Kin-fung, Yuan Gong-yi, Kwok Fung-yee, Kwok Wing-hang, Hui Chi-fung, Mung Siu-tat, Lau Cho-dik and Law Kwun-chung, were wanted over alleged contravention of the national security law in Hong Kong. A 1-million-Hong Kong dollar (127,750-U.S. dollar) reward is being offered for the arrest of each of them.
Lee told a press briefing before an executive council meeting that those who violated the national security law in Hong Kong, endangered national security and were involved in serious crimes will be pursued for life. Their financial providers and the forces behind them will also be investigated.
Xinhua News Agency correspondents reporting from Hong Kong, China. (XHTV)