Connect with us

Media

တရုတ်နိုင်ငံ၊ ထိပ်တန်းသံတမန်နှင့် ယူဂန္ဓာ နိုင်ငံခြားရေးဝန်ကြီး တို့တွေ့ဆုံ

တရုတ်နိုင်ငံ၊ မြို့တော်ပေကျင်း၌ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ ဗဟို နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် ယူဂန္ဓာ နိုင်ငံခြားရေးဝန်ကြီး Jeje Odongo တို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၁ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ၊ နိုင်ငံခြားရေးရာကော်မရှင်ရုံး အကြီးအကဲ ဝမ်ရိ နှင့် ယူဂန္ဓာ နိုင်ငံခြားရေးဝန်ကြီး Jeje Odongo တို့သည် တရုတ်နိုင်ငံ၊ ပေကျင်းမြို့၌ ဇူလိုင် ၁၁ ရက်ကတွေ့ဆုံခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သည့် ဝမ်ရိက တရုတ်နိုင်ငံအနေဖြင့် ယူဂန္ဓာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး ကြိုးပမ်းမှုများကို ဆက်လက်ပံ့ပိုးကူညီသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ယူဂန္ဓာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်နှင့် နယ်ပယ်အသီးသီးတွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အသင့်ရှိကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာရေးရာများတွင် ယူဂန္ဓာနိုင်ငံ၏အခန်းကဏ္ဍကို အလေးထားကြောင်း၊ ယူဂန္ဓာနိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် အာဖရိကရေးရာများတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍ မှ ပါဝင်ဆောင်ရွက်ခြင်းတွင်လည်း တရုတ်နိုင်ငံက ထောက်ခံကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နှင့် ယူဂန္ဓာ နှစ်နိုင်ငံအနေဖြင့် နိုင်ငံအချင်းချင်း ပင်မ အကျိုးစီးပွားနှင့် ဆက်စပ်သော ကိစ္စရပ်များကို ကာကွယ်ရန်၊ တစ်ဖက်သတ်ဝါဒနှင့် အနိုင်ကျင့်မှုများအား ပူးပေါင်းဆန့်ကျင်ရန်၊ နိုင်ငံတကာညီမျှမှု နှင့် တရားမျှတမှုကို လက်ကိုင်ထားသင့်ကြောင်း ဝမ်က ပြောကြားခဲ့သည်။ (Xinhua)

…………………………
(English Version)
Senior Chinese diplomat meets Ugandan FM
BEIJING, July 11 (Xinhua) — Wang Yi, director of the Office of the Foreign Affairs Commission of the Communist Party of China (CPC) Central Committee, met with Ugandan Foreign Minister Jeje Odongo in Beijing on Tuesday.
Wang, also a member of the Political Bureau of the CPC Central Committee, said China will continue to support Uganda’s development and its efforts in improving the capacity for independent development.
China is ready to strengthen Belt and Road cooperation with Uganda and improve solid cooperation in various fields, he added.
Wang said China attaches importance to Uganda’s role in international affairs, and supports the country in safeguarding its independence, sovereignty and territorial integrity, and in playing a greater role in African affairs.
China and Uganda should continue to be supportive on issues concerning each other’s core interests, oppose unilateralism and bullying, and uphold international fairness and justice, Wang said.
Wang Yi, a member of the Political Bureau of the Communist Party of China (CPC) Central Committee and director of the Office of the Foreign Affairs Commission of the CPC Central Committee, meets with Ugandan Foreign Minister Jeje Odongo in Beijing, capital of China, July 11, 2023. (Xinhua/Liu Bin)