Connect with us

Media

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ရေဘေးသင့်ခရိုင်၌ မြစ်ကြောင်းသောင်တူးခြင်းများ ဆောင်ရွက်လျက်ရှိ

ပေကျင်း ၊ ဩဂုတ် ၂၁ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ ပေကျင်းမြို့ မုန်ထိုကိုးခရိုင်၌ ယခုလအစောပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုများ နှင့် ရေကြီးရေလျှံမှုများကြောင့် ပျက်စီးမှုအကြီးအကျယ်ဖြစ်ပွားခဲ့ပြီးနောက် ခရိုင်ရှိ မြစ်ကြောင်းများအတွင်း သောင်တူးခြင်းလုပ်ငန်းသည် အဓိကတိုးတက်မှုအဖြစ် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ဩဂုတ် ၁၇ ရက်အထိ ရွှံ့နွံ့များ ၊ သစ်ကိုင်းများ နှင့် အမှိုက်များဖြင့် ဖုံးလွှမ်းနေသည့် မြစ်ကြောင်းများ၏ ကီလိုမီတာ ၂၆၀ ခန့်အား ရှင်းလင်းဖယ်ရှားခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဇူလိုင် ၂၉ ရက်မှ ဩဂုတ် ၂ ရက်အထိ ပေကျင်းမြို့သည် တိုင်ဖုန်းမုန်တိုင်း Doksuri ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုများ ကြုံတွေ့ခဲ့ရသည်။ ယင်းမှာ ပေကျင်းမြို့၌ လွန်ခဲ့သော နှစ်ပေါင်း ၁၄၀ မှတ်တမ်းများမှစ၍ မိုးရွာသွန်းမှုအများဆုံး ဖြစ်ခဲ့သည်။ မုန်ထိုကိုးခရိုင်သည် ပေကျင်းမြို့၌ အဆိုးရွားဆုံး ရေဘေးသင့်နေရာတစ်ခု ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………
(English Version)
Riverway dredging underway in flood-hit district in Beijing
The dredging operation in the riverways of Beijing’s Mentougou District has made major progress after the suburban area was heavily battered by rainpours and floods earlier this month.
About 260 kilometers of riverways covered by sludge, tree branches and garbage had been cleaned up as of August 17.
From July 29 to Aug. 2, Beijing was lashed by severe torrential rains triggered by Typhoon Doksuri. It was the heaviest rainfall in Beijing since records began 140 years ago. Mentougou was one of the worst-hit areas in the city.
Xinhua News Agency correspondents reporting from Beijing.(XHTV)