Connect with us

Media

ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၌ ဘတ်စ်ကားမီးလောင်မှုကြောင့် လူ ၂၀ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရ

အစ္စလာမ်မာဘတ် ၊ ဩဂုတ် ၂၁ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် Hafizabad ခရိုင်၌ ဩဂုတ် ၂၀ ရက်တွင် ခရီးသည်တင်ဘတ်စ်ကားတစ်စီးသည် ယာဉ်တစ်စီးနှင့် တိုက်မိပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကာ လူ ၂၀ ဦးထက်မနည်း မီးလောင်သေဆုံးခဲ့ပြီး အခြားသူ ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေး နှင့် ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

ယင်းဖြစ်စဉ်သည် Faisalabad Toll Plaza နေရာရှိ အဝေးပြေးလမ်းပေါ်တွင် နံနက်အစောပိုင်း၌ ဖြစ်ပွားခဲ့ပြီး ဘတ်စ်ကားသည် လောင်စာဆီစည်ပိုင်းများ သယ်ဆောင်လာသည့်ယာဉ်နှင့် တိုက်မိခဲ့ကာ မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။
ဖြစ်စဉ်သတင်းရရှိချိန်တွင် ကယ်ဆယ်ရေးသမားများသည် အခင်းဖြစ်နေရာသို့ ချက်ချင်းရောက်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများအား ဒေသန္တရဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။ (Xinhua)

……………………………..
(English Version)
Bus fire kills 20, injures 15 in Pakistan’s Punjab
At least 20 people were burnt to death and 15 others injured on Sunday after a passenger bus hit a vehicle and caught fire in Hafizabad district of Pakistan’s eastern Punjab province, the rescue and health officials reported.
The rescue service said that the accident took place early morning on the freeway at Faisalabad Toll Plaza when the bus collided with a pickup van carrying fuel drums in it, resulting in the eruption of fire.
Upon receiving the information, the rescue workers immediately reached the site and shifted the victims to a local hospital, said the rescue service.
Xinhua News Agency correspondents reporting from Islamabad.(XHTV)