Connect with us

Media

ကမ္ဘောဒီးယားဘုရင်က လွှတ်တော်အသစ်အား အတည်ပြု

ဖနွမ်းပင် ၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၌ ပြီးခဲ့သည့်လတွင် အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ဩဂုတ် ၂၁ ရက်က စတင်ခဲ့သည့် အောက်လွှတ်တော်အသစ်၏ ပထမဆုံးအစည်းအဝေး ပြုလုပ်ခဲ့ရာတွင် ဘုရင်နိုရိုဒမ်သီဟာမိုနီ(Norodom Sihamoni)က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၃ ရက်တွင် ပြုလုပ်ခဲ့သည့် ၇ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲတွင် ရာထူးမှနုတ်ထွက်တော့မည့် ဝန်ကြီးချုပ်ဟွန်ဆန်၏ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီ(CPP) က အမတ်နေရာ ၁၂၀ အနိုင်ရရှိထားပြီး တော်ဝင်မင်းသား Norodom Chakravuth ၏ Funcinpec ပါတီက ကျန်ရှိသည့် အမတ်နေရာ ငါးနေရာ အနိုင်ရရှိခဲ့သည်။

အဖွင့်အစည်းအဝေးသို့ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၂၅ ဦးလုံး တက်ရောက်ခဲ့ပြီး ဖိတ်ကြားထားသည့် နိုင်ငံခြားသံတမန်များ နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………..
(English Version)
Cambodian king endorses new parliament
Cambodian King Norodom Sihamoni presided over the opening of the new National Assembly’s first session on Monday after a general election last month.
Outgoing Prime Minister Samdech Techo Hun Sen’s ruling Cambodian People’s Party (CPP) won 120 parliamentary seats and the Funcinpec Party of Prince Norodom Chakravuth earned the remaining five seats in the seventh general election on July 23.
All the 125 lawmakers-elect were present at the opening session, as foreign diplomats and representatives of international organizations to the country were also invited to the event.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)