Connect with us

Media

တရုတ်နိုင်ငံရှိ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေး လုပ်ငန်းများ အပြည့်အဝလုပ်ဆောင်လျက်ရှိ

ပေကျင်း ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်းနှင့်အရှေ့မြောက်ပိုင်းရှိ ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေး နှင့် ဘေးအန္တရာယ်လျော့ပါးရေး လုပ်ငန်းများ အပြည့်အဝလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ယင်းဒေသများတွင် ပြီးခဲ့သောရက်ပိုင်းက တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်၍ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ဟေးလုံကျန်းပြည်နယ်၌ လျှပ်စစ်ဓာတ်အားပေးစက်ရုံလုပ်သားများက ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အား ပြန်လည်ရရှိရေးအတွက် ၂၄ နာရီပတ်လုံး လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တရုတ်နိုင်ငံ မြောက်ပိုင်း ဟဲပေပြည်နယ် ကျောကျိုးမြို့သည် အဆိုးရွားဆုံး ရေဘေးသင့်ဒေသများအနက်တစ်ခု ဖြစ်သည်။

မီးသတ်သမား ၈၀၀ ကျော်က ရေနုတ်မြောင်းလုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းမြို့၌ ရဲအရာရှိ ၅,၂၀၀ ကျော်အား နေ့စဉ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးလုပ်ငန်းများဆောင်ရွက်ရန် စေလွှတ်ထားကြောင်း သိရသည်။

အဓိကရေလမ်းကြောင်းများအား စောင့်ကြည့်ရန် ရဲရဟတ်ယာဉ်များကို အသုံးပြုထားကြောင်းလည်း သိရသည်။
စိုက်ပျိုးရေးထုတ်လုပ်မှု ပြန်လည်ကောင်းမွန်စေရေး ထောက်ပံ့ပေးသည့်အနေဖြင့် တရုတ်နိုင်ငံသည် ဘေးအန္တရာယ်လျော့ပါးသက်သာရေးရန်ပုံငွေ စုစုပေါင်း ယွမ် ၇၃၂ သန်း(အမေရိကန်ဒေါ်လာ ၁၀၂.၃ သန်းခန့်)အား ခွဲဝေချထားပေးခဲ့ကြောင်း သိရသည်။ (Xinhua)

…………………………
(English Version)
Rescue, relief operations in full swing in China’s flood-hit areas
Rescue and relief operations are in full swing in flood-hit areas in north and northeast China.
Typhoon-induced rainstorms wreaked havoc in the regions over the past few days.
In northeast China’s Heilongjiang, power station workers are working around the clock to restore power supplies for the locals.
Zhuozhou City in north China’s Hebei is one of the worst-affected areas.
Over 800 firefighters have been mobilized for drainage operations.
In north China’s Tianjin, more than 5,200 police officers are sent for rescue and relief operations daily.
Police helicopters are also used to monitor key waterways.
To support the recovery of agricultural production, China on Tuesday allocated disaster relief funds totaling 732 mln yuan (about $102.3 mln).
Xinhua News Agency correspondents reporting from Beijing.(XHTV)