Connect with us

Media

တရုတ်နိုင်ငံ ထျန်းကျင်းဆိပ်ကမ်းက ချီလီချယ်ရီသီးတင်သွင်းမှုအတွက် တိုက်ရိုက်လမ်းကြောင်း စတင်

ထျန်းကျင်း၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမြောက်ပိုင်း ထျန်းကျင်းဆိပ်ကမ်းက ချီလီနိုင်ငံမှ ချယ်ရီသီးတင်သွင်းမှုများ အဆင်ပြေချောမွေ့စေရေးအတွက် တိုက်ရိုက်သင်္ဘောလမ်းကြောင်းသစ် စတင်ခဲ့ပြီး ပေကျင်း-ထျန်းကျင်း-ဟဲပေဒေသသို့ လက်တင်အမေရိက ချယ်ရီသီး များအတွက် ပထမဆုံး တိုက်ရိုက်သင်္ဘောဝန်ဆောင်မှု ဖြစ်လာခဲ့ကြောင်း ဆိပ်ကမ်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
ချီလီချယ်ရီသီး တန်ချိန် ၂,၀၀၀ ကျော် တင်ဆောင်ထားသည့် ကွန်တိန်နာသင်္ဘောသည် ဇန်နဝါရီ ၁၆ ရက် ညနေပိုင်းတွင် ထျန်းကျင်းဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့ပြီး ဝန်ဆောင်မှုအသစ်မှတစ်ဆင့် ပွဲဦးထွက်ခရီးစဉ် ဖြစ်လာခဲ့ကြောင်း သိရသည်။

ချယ်ရီသီးနှင့် ရာသီပေါ်သီးနှံ တန်ချိန် ၅,၈၀၀ ကျော် တင်ဆောင်ထားသည့် သင်္ဘောနှစ်စင်းကလည်း လာမည့်ရက် အနည်းငယ်အတွင်း ထျန်းကျင်းဆိပ်ကမ်းသို့ ဆိုက်ကပ်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ (Xinhua)

………………………….
(English Version)
China’s Tianjin Port launches direct route for Chilean cherry imports
North China’s Tianjin Port has launched a new direct shipping route to facilitate cherry imports from Chile, marking the first direct shipping service for Latin American cherries to the Beijing-Tianjin-Hebei region, said the port authorities.
A container vessel loaded with over 2,000 tonnes of Chilean cherries arrived at Tianjin Port on Tuesday evening, marking the maiden trip via the new service.
Another two ships carrying over 5,800 tonnes of cherries and other seasonal products are expected to dock at the port within the next few days.
Xinhua News Agency correspondents reporting from Tianjin, China.(XHTV)