Connect with us

Media

အင်ဒိုနီးရှားနိုင်ငံ၌ တရုတ်နိုင်ငံ BYD က လျှပ်စစ်ကားမော်ဒယ် သုံးမျိုး မိတ်ဆက်

ဂျကာတာ၊ ဇန်နဝါရီ ၁၉ ရက် (ဆင်ဟွာ)

သန့်စင်လျှပ်စစ်ကား(EV) ရောင်းချရာတွင် ကမ္ဘာ့ထိပ်တန်းတစ်ခုဖြစ်သည့် တရုတ်နိုင်ငံ၏ BYD က အရှေ့တောင်အာရှတွင် ပိုမိုချဲ့ထွင်ရန် လျှပ်စစ်ကားသုံးမျိုးအား အင်ဒိုနီးရှားနိုင်ငံ၌ ဇန်နဝါရီ ၁၈ ရက်က မိတ်ဆက်ခဲ့ကြောင်း သိရသည်။

ဂျကာတာမြို့၌ ပြုလုပ်သည့် မိတ်ဆက်အခမ်းအနားတွင် BYD က နိုင်ငံပေါင်း ၇၀ ကျော်ကို ထုတ်လုပ်မှု အရေအတွက် မြင့်မားစွာဖြင့် ဖြန့်ဝေပေးထားသည့် ဘက်ထရီစွမ်းအင်သုံး သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်သော ထုတ်ကုန်သုံးမျိုးဖြစ်သည့် SEAL ၊ Atto 3 နှင့် Dolphin မော်ဒယ်သုံးမျိုးအား မိတ်ဆက်ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s BYD introduces 3 EV models in Indonesia
China’s BYD, a global leader in the sale of pure electric vehicles (EV), launched in Indonesia on Thursday three new electric passenger cars to further expand in the Southeast Asia region.
During the launch in Jakarta, BYD introduced SEAL, Atto 3, and Dolphin, three battery-powered and environmentally friendly products that have been distributed with high production numbers to nearly 70 countries.
Xinhua News Agency correspondents reporting from Jakarta.(XHTV)