Connect with us

Media

တရုတ်နိုင်ငံနှင့် နအူရူးနိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်ထူထောင်

ပေကျင်း၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် နအူရူးနိုင်ငံတို့သည် နှစ်နိုင်ငံကြား သံအမတ်များအပြန်အလှန်ထားရှိကာ သံတမန်ဆက်ဆံရေးပြန်လည်ထူထောင်ခြင်းဆိုင်ရာ ပူးတွဲကြေညာချက်ကို ဇန်နဝါရီ ၂၄ ရက်က ပေကျင်းမြို့၌ လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် နအူရူးနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး Lionel Aingimea နှင့် ဇန်နဝါရီ ၂၄ ရက်၌ တွေ့ဆုံဆွေးနွေးခဲ့ပြီး ပူးတွဲကြေညာချက်အား လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်ပြီး ယနေ့တွင်ပင် စတင်အသက်ဝင်ကြောင်း သိရသည်။
အဆိုပါ ပူးတွဲကြေညာချက်အရ နအူရူးနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် တရုတ်တစ်နိုင်ငံတည်းသာရှိကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရကသာ တရုတ်နိုင်ငံတစ်ခုလုံးကို ကိုယ်စားပြုသည့် တစ်ခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း၊ ထိုင်ဝမ်သည် တရုတ်နိုင်ငံ နယ်မြေပိုင်နက်၏ ထာဝရ အစိတ်အပိုင်းဖြစ်ကြောင်း မှတ်ယူထားသည်ဟု ဖော်ပြထားသည်။

နအူရူးနိုင်ငံ အစိုးရအနေဖြင့် ယနေ့မှစ၍ ထိုင်ဝမ်နှင့် “သံတမန်ဆက်ဆံရေး” ဖြတ်တောက်မည်ဖြစ်ကြောင်းနှင့် ထိုင်ဝမ်နှင့် မည်သည့် တရားဝင်ဆက်ဆံရေး သို့မဟုတ် တရားဝင်ကူးလူးဆက်ဆံမှုများ ထားရှိတော့မည်မဟုတ်ကြောင်း ပူးတွဲကြေညာချက်အရ သိရသည်။

ထို့ပြင် နှစ်နိုင်ငံအစိုးရသည် သံအမတ်များ အပြန်အလှန် ကူးလူးဆက်ဆံမှုများကို ဆောလျင်စွာ ဆောင်ရွက်ရန်နှင့် သံရုံးများ ထူထောင်ရေးအတွက် လိုအပ်သောအကူအညီအားလုံးကို အချင်းချင်း ပံ့ပိုးဆောင်ရွက်ရန် သဘောတူခဲ့ကြကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

………………………………
(English Version)
China, Nauru resume diplomatic relations
BEIJING, Jan. 24 (Xinhua) — China and Nauru signed a joint communique in Beijing Wednesday on the resumption of diplomatic relations at the ambassadorial level.
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, held talks with Nauru’s Minister for Foreign Affairs and Trade Lionel Aingimea and signed the joint communique, effective as of this day.
According to the joint communique, the Government of the Republic of Nauru recognizes that there is but one China in the world, the Government of the People’s Republic of China is the sole legal Government representing the whole of China, and Taiwan is an inalienable part of China’s territory.
The joint communique said that the Government of the Republic of Nauru shall sever “diplomatic relations” with Taiwan as of this day and undertakes that it shall no longer develop any official relations or official exchanges with Taiwan.
The two governments agree to exchange ambassadors as early as possible and to provide each other with all the necessary assistance for the establishment of embassies, said the joint communique.