Connect with us

Media

တရုတ်နိုင်ငံ ရှမန်ဆိပ်ကမ်းက ဥရောပသို့ စွမ်းအင်သစ်သုံးမော်တော်ယာဉ်အစီးရေ ၁,၇၀၀ ကျော် တင်ပို့

ရှမန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ရှမန်ဆိပ်ကမ်းမှ စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ် (NEVs) အစီးရေ ၁,၇၀၀ ကျော် အပါအဝင် တရုတ်နိုင်ငံထုတ် မော်တော်ယာဉ်အစီးရေ ၅,၀၀၀ ခန့်အား တင်ဆောင်ထားသည့် ကားအတက် အဆင်း ပြုလုပ်နိုင်သော “ro-ro” (roll-on/roll-off) ကုန်တင်သင်္ဘောသည် ဇန်နဝါရီ ၂၄ ရက်တွင် ဥရောပနိုင်ငံများသို့ ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

မကြာသေးမီနှစ်များအတွင်း ရှမန်ဆိပ်ကမ်းက စွမ်းအင်သစ်ထုတ်ကုန်များ တင်ပို့မှုအတွက် အရေးပါသည့် ရေကြောင်းပို့ဆောင်ရေးအချက်အချာတစ်ခု ဖြစ်လာခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် ရှမန်ဆိပ်ကမ်းမှ စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ် ၈၅,၀၀၀ ကျော် တင်ပို့ခဲ့ကြောင်း သိရသည်။ (Xinhua)

………………………………
(English Version)
China’s Xiamen Port sees export of over 1,700 NEVs to Europe
A ro-ro (roll-on/roll-off) cargo vessel carrying about 5,000 China-made vehicles, including over 1,700 new energy vehicles (NEVs), set off Wednesday from east China’s Xiamen Port to European countries.
In recent years, Xiamen Port has become an important shipping hub for the export of new energy products. In 2023, more than 85,000 new energy vehicles were exported from Xiamen Port.
Xinhua News Agency correspondents reporting from Xiamen, China.(XHTV)