Connect with us

Media

ဘင်္ဂလားဒေ့ရှ်နိုင်ငံက အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲပေး

ဒါကာ၊ ဇန်နဝါရီ ၈ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်း ရာနှင့်ချီသော လွှတ်တော်ကိုယ်စားလှယ်များအား ရွေးကောက်တင်မြှောက်ရန် အထွေထွေ ရွေးကောက်ပွဲအား ဇန်နဝါရီ ၇ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း မဲရုံ ၄၂,၀၀၀ ကျော်၌ ယင်းနေ့ ဒေသစံတော်ချိန် နံနက် ၈ နာရီတွင် ဆန္ဒမဲပေးမှုအား စတင်ခဲ့ပြီး ညနေ ၄ နာရီအထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မဲဆန္ဒနယ် ၃၀၀ အနက် ၂၉၉ နေရာအတွက် ကိုယ်စားလှယ်လောင်း ၁,၉၇၀ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦးသေဆုံးခဲ့ခြင်းကြောင့် မဲဆန္ဒနယ် ၃၀၀ အနက် ကျန်ရှိသည့် တစ်နေရာအတွက် ရွေးကောက်ပွဲအား နောက်ပိုင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ (Xinhua)

………………………………..
(English Version)
Voting begins for Bangladesh’s general elections
Nationwide voting opened Sunday morning in Bangladesh’s general elections to elect hundreds of representatives to parliament.
The voting started at 8:00 a.m. local time at over 42,000 polling centers nationwide and continued without any break until 4:00 p.m. local time.
According to the Election Commission, a total of 1,970 candidates are contesting for 299 out of the 300 directly-elected parliamentary constituencies. The election to one of the 300 seats will be held later because of the death of an independent candidate.
Xinhua News Agency correspondents reporting from Dhaka.(XHTV)