Connect with us

Media

တရုတ်နိုင်ငံ နယ်စပ်မြို့တွင် တိုက်ရိုက်ထုတ်လွှင့်မှုက လက်ဝတ်ရတနာရောင်းဝယ်မှုကို မြှင့်တင်ပေး

ကူမင်း ၊ ဩဂုတ် ၁၄ ရက်(ဆင်ဟွာ)

ကျောက်စိမ်းလုပ်ငန်းကြောင့် နာမည်ကျော်သည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်မြို့ဖြစ်သော ရွှေလီမြို့၌ တိုက်ရိုက်ထုတ်လွှင့်ရောင်းချမှုများက လက်ဝတ်ရတနာရောင်းဝယ်ရေးကို မြှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့အဓိက ကျောက်စိမ်းထုတ်လုပ်သူ မြန်မာနိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေသည့် ရွှေလီမြို့သည် ၁၉၉၀ ပြည့်လွန်နှစ်များတွင် တရုတ်နိုင်ငံ၏ အကြီးဆုံး ကျောက်စိမ်းကုန်သွယ်မှု အချက်အချာနေရာများအနက်တစ်ခု ဖြစ်ပြီး “ကျောက်စိမ်းမြို့”အဖြစ်လည်း ကျယ်ကျယ်ပြန့်ပြန့် ခေါ်ဝေါ်လျက် ရှိသည်။

ညပိုင်းအချိန်ရောက်ရှိလာသည်နှင့်အမျှလက်ဝတ်ရတနာတိုက်ရိုက်ထုတ်လွှင့်သည့်စင်တာက အလင်းရောင်များဖြင့် ထိန်လင်းတောက်ပနေပြီး ရောင်းဝယ်ဖောက်ကားမှုများ ၊ ဈေးနှုန်းညှိနှိုင်းမှုများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။ (Xinhua)

……………………………
(English Version)
Livestreaming gives boost to jewelry trade in China’s border city
Livestreaming sales have given a boost to the jewelry trade in Ruili, a border city in China’s Yunnan famous for its jade industry.
Bordering Myanmar, the world’s major jade producer, Ruili thrived as one of China’s largest jade trading hubs in the 1990s and has since been widely called the “City of Jade.”
As night fell, a jewelry livestreaming center was ablaze with lights and filled with the hubbub of peddling and negotiations.
Xinhua News Agency correspondents reporting from Kunming, China.(XHTV)