Connect with us

Videos

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်”အဆိုအက ပဒေသာဖျော်ဖြေပွဲ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်” အဆိုအက ပဒေသာဖျော်ဖြေပွဲအား ဖေဖော်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ အမျိုးသားကဇာတ်ရုံတွင် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ ရာ

အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန် က ယခုဖျော်ဖြေပွဲမှာ တရုတ်-မြန်မာယဉ်ကျေးမှုဖလှယ်ရေးကိုတွန်းအားဖြစ်စေပြီး အပြန်အလှန်ပူးပေါင်းပါဝင်ပေးဆပ်ခြင်းကို သက်သေထူကြောင်းပြောကြားခဲ့သည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အခုကျင်းပတဲ့နှစ် ကူးနွေဦးပွဲတော်ဟာဆိုရင် ငြိမ်းချမ်းမှု၊တူညီတဲ့သဟဇာတဖြစ်မှု၊ပျော်ရွှင်မှုနဲ့နှစ်ကူးမှာပေါင်းစည်းညီညွတ်မှုကို ပြသဖော်ကျူးနိုင်မယ့်အပြင်နှစ်နိုင်ငံရဲ့ယဉ်ကျေးမှုကိုပေါင်းစည်းမြှင့်တင်နိုင်မယ်လို့မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ဖျော်ဖြေပွဲတွင် ပီကင်းအော်ပရာ၊ တရုတ်ရိုးရာ တူရိယာအတီးအမှုတ်ဖျော်ဖြေမှုများအပြင် တရုတ် တိုင်းရင်းသားရိုးရာအကပဒေသာများ၊ ဂန္တဝင်သံစဉ်တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက် ခဲ့ရာ ပရိသတ်များက လက်ခုပ်သြဘာပေး တစ်ခဲနက် ရှုစားအားပေးခဲ့ကြသည်။

“ကမ္ဘာတစ်ဝန်း နှစ်ကူးနွေဦးပွဲတော် အတူပျော်ရွှင်”အဆိုအက ပဒေသာ ဖျော်ဖြေပွဲ အနုပညာရှင် အဖွဲ့သည် ၂၀၀၉ ခုနှစ်မှစ၍ နှစ်စဉ် တရုတ်နွေဦးနှစ်ကူးပွဲတော်ကာလတွင် ပင်လယ်ရပ်ခြားနိုင်ငံများ သို့သွားရောက်၍ တရုတ်နွယ်ဖွားအမျိုးသားများနှင့်နိုင်ငံအသီးသီးရှိမိတ်ဆွေများထံသို့ ဆုမွန်ကောင်း မေတ္တာပို့သပြီး တူစုံပျော်ရွှင်ကြစေရန် ဖျော်ဖြေသည့်ပွဲအဖြစ် ကျင်းပလာခဲ့သည်မှာ ၁၀နှစ်ကျော်ရှိပြီ ဖြစ်ကြောင်း ယခုကျင်းပသည့်ပွဲမှာ မြန်မာနိုင်ငံတွင် တတိယအကြိမ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.