Connect with us

Videos

ရထားတွဲများကို အတိုးအလျော့ ပြောင်းလဲ တပ်ဆင်နိုင်သည့် ကျည်ဆန်ရထား

ပေကျင်း၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံတွင် CRRC Tangshan က ရထားတွဲများကို အတိုးအလျော့ ပြောင်းလဲ တပ်ဆင်နိုင်သည့် နည်းပညာမြင့် ကျည်ဆန်ရထားတစ်မျိုးကို ထုတ်လုပ်လျက်ရှိသည်။ ခရီးသည်အရေအတွက် အနည်းအများနှင့် သွားရောက်ရမည့်လမ်းကြောင်းများအပေါ်မူတည်ကာ ရထားတွဲ ၂ တွဲမှ ၁၆ တွဲအထိ တပ်ဆင်နိုင်သည်။ ကျည်ဆန်ရထားထဲတွင် တစ်ယောက်ထိုင်ခုံများသီးသန့်ထားရှိသည့်ရထားတွဲများနှင့် နှစ်ယောက်တွဲထိုင်ခုံများ သီးသန့်ထားရှိသည့် ရထားတွဲများလည်းပါဝင်ပြီး အမြန်နှုန်းအားဖြင့် တစ်နာရီလျင် ၁၆ဝ ကီလိုမီတာမှ ၃၅ဝ ကီလိုမီတာအထိ ပြေးဆွဲနိုင်သည်။ ရထားတွဲများထဲတွင် အိပ်စင်များလည်းပါဝင်ပြီး ခုံတန်းရှည်အဖြစ် မိမိလိုသလို ပြောင်းလဲအသုံးပြုနိုင်သည့် ခေါက်သိမ်းထားသည့် ခုံများကိုလည်းတပ်ဆင် ထားသောကြောင့် ခရီးသွားများ သက်တောင့်သက်သာဖြင့်လိုရာခရီးကိုလျင်မြန်စွာသွားလာနိုင်မည်ဟုသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.