Connect with us

Videos

ကမ္ဘာ့ပထမဆုံး 5G ကွန်ရက် နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့် စမတ်ဖုန်း

ဘာစီလိုနာ၊ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ)

စပိန်နိုင်ငံဘာစီလိုနာတွင်ကျင်းပလျက်ရှိသည့် 2019 Mobile World Congress တွင် စမတ်ဖုန်းထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်သည့် Huawei ကုမ္ပဏီက ခေါက်နိုင်ဖြန့်နိုင်ပြီး 5G ကွန်ရက် နည်းပညာအသုံးပြုနိုင်သည့် Huawei Mate X ကို မိတ်ဆက်ပြသခဲ့သည်။ ၎င်းဖုန်းကိုခေါက်ထားပါက မျက်နှာပြင်အရွယ်အစားမှာ ၆.၆ လက်မ နှင့် အထူမှာ ၁၁ မီလီမီတာရှိမည်ဖြစ်ပြီး မျက်နှာပြင်ကိုဖြန့်ထားပါက ၈ လက်မ မျက်နှာပြင်အကျယ်အဝန်းရှိမည်ဖြစ်သည်။

Huawei ၏ Global Product Marketing vice president ဖြစ်သူ Clement Wong က ဒါက ကမ္ဘာ့ပထမဆုံး 5G ကွန်ရက် နည်းပညာသုံး ခေါက်နိုင်ဖြန့်နိုင်သည့် စမတ်ဖုန်းတစ်လုံးဖြစ်ကြောင်း၊ ရုတ်တရက်ကြည့်ပါက လက်ရှိအသုံးပြုနေကြသည့် ပုံမှန်ဖုန်းအသွင်ဖြစ်သော်ငြား ဒီဖုန်းကို ခေါက်ထားတာဖြစ်ကြောင်း၊ screen အကြီးကြီးနဲ့ အသုံးပြုနိုင်မှာဖြစ်ကြောင်းပြောကြားခဲ့သည်။

Huawei Mate Xဖုန်းကို ယခုလာမည့် နွေရာသီတွင် ယူရိုဖြင့် ၂၂၉၉ ယူရို ၊ အမေရိကန်ဒေါ်လာဖြင့်ဆိုပါက ၂၆၀၇ ဒေါ်လာဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.