Connect with us

Videos

တရုတ်နိုင်ငံက အရည်အသွေးပြည့်ဝသော နှာခေါင်းစည်းများသာ ထုတ်လုပ်ရန် တင်းကြပ်စွာဆောင်ရွက်လျက်ရှိ

ကွမ်တုန်း၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် အခြားနိုင်ငံများ၏ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ပံ့ပေးရန် ထုတ်လုပ်လျက်ရှိသော နှာခေါင်းစည်းများကို အရည်အသွေးစံချိန်စံညွှန်ပြည့်မီရန် တင်းတင်းကြပ်ကြပ် ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဋ္ဌာန၏ အဆိုအရ ဧပြီ ၁ရက်မှ စတင်ကာ ပြည်ပသို့တင်ပို့နေသည့် ဆေးဝါးပစ္စည်းများကို အရည်အသွေးပြည့်မီစေရန်နှင့် နိုင်ငံအလိုက် သတ်မှတ်ထားသည့် စံနှုန်းများနှင့်ကိုက်ညီစေရန် ထုတ်လုပ်သွားရမည်ဖြစ်ပြီး အရည်အသွေး မပြည့်မီသည့်ထုတ်ကုန်များရှိမရှိ စစ်ဆေးမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံထုတ် နှာခေါင်းစည်းများကို အမျိုးအစား ၃ မျိုး ခွဲခြားသတ်မှတ်ထားကြောင်း ၎င်းတို့မှာ ဆေးဘက်ဆိုင်ရာသုံး အကာအကွယ်နှာခေါင်းစည်း၊ ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းနှင့် ပုံမှန် အကာအကွယ်နှာခေါင်းစည်းများ ဟူ၍ဖြစ်ကြောင်းသိရသည်။

ကွမ်တုန်ဆေးပစ္စည်းကိရိယာများနှင့် အရည်အသွေးစစ်ဆေးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးဖြစ်သည့် ဟွမ်မင်းကျူ က “ အရည်အသွေးစစ်ဆေးခြင်းစံချိန်စံညွှန်းများဟာ နိုင်ငံနဲ့ ဒေသအသီးသီးပေါ်မူတည်ပြီး ကွဲပြားမှုရှိပါတယ်။ စစ်ဆေးရတဲ့ ပစ္စည်းနဲ့ စစ်ဆေးရတဲ့ နည်းလမ်းတွေဟာလည်းမတူညီပါဘူး ၊ ဥပမာအနေနဲ့  အကာအကွယ် နှာခေါင်းစည်းတစ်ခုမှာဆိုရင် တင်းတင်းကြပ်ကြပ်စစ်ဆေးဖို့လိုအပ်တယ် ၊ ကျွန်မတို့အနေနဲ့ လူ ၁၀ယောက်ကို နှာခေါင်းစည်းတွေ ဝတ်ဆင်စေပြီး အဲဒီ ၁၀ယောက်စလုံးကို ဥရောပနိုင်ငံတွေက သတ်မှတ်ထားတဲ့ စံချိန်စံညွှန်း ၅ ခုပေါ်မူတည်ပြီး အနေအထား ၆ မျိုး စီလောက် ပြုမူ လုပ်ဆောင်ခိုင်းပါတယ် ။ မတူညီတဲ့ နည်းလမ်းတွေနဲ့ စစ်ဆေးရတာဖြစ်ပါတယ်။အဲဒီလို စစ်ဆေးပြီးမှ စံသတ်မှတ်ချက်နှင့် ညီမညီ အဖြေထုတ်ရတာပါ။ ကျွန်မတို့အနေနဲ့ အရည်အသွေးကို ပြည်တွင်းနဲ့ စက်မှုလိုအပ်ချကနဲ့အညီ ပြည့်မီအောင် ကြိုးစားထုတ်လုပ်ပါတယ်။ အရည်အသွေးပြည့်မီတဲ့ နှာခေါင်းစည်းတစ်ခုဟာ စံချိန်စံညွှန်းအားလုံးကို ကျော်ဖြတ်နိုင်ပြီးသားဖြစ်ရပါမယ်”  ဟုပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.