Connect with us

Videos

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် COVID-19 ရောဂါလက္ခဏာပိုမိုဆိုးရွားလာ၍ အထူးကြပ်မတ်ဆောင်၌ ကုသမှုခံယူနေရ

လန်ဒန် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ)

 ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ၎င်းခံစားနေရသော ကိုရိုနာဗိုင်းရပ်စ်ရောဂါလက္ခဏာပိုမိုဆိုးရွားလာသဖြင့် ဧပြီ ၆ ရက် ညပိုင်းတွင် အထူးကြပ်မတ်ကုသဆောင်သို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူခဲ့ရကြောင်း  ဝန်ကြီးချုပ်ရုံးက ပြောကြားခဲ့သည်။

 ဂျွန်ဆင်က အလုပ်ကိစ္စရပ်များတွင် ၎င်းအတွက် ပြုမူဆောင်ရွက်ပေးရန် ဗြိတိန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dominic Raab အား ပြောကြားခဲ့ကြောင်း  ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဆိုသည်။ အသက် ၅၅ နှစ်အရွယ်ရှိ ဗြိတိန်ဝန်ကြီးချုပ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ၁၀ ရက်အကြာ ရောဂါလက္ခဏာ ပိုမိုဆိုးရွားလာသဖြင့် ဧပြီ ၅ ရက် ညပိုင်းတွင် လန်ဒန်မြို့ရှိ စိန့်သောမတ်စ်ဆေးရုံသို့ တက်ရောက် ကုသမှုခံယူခဲ့ရသည်။

 ဝန်ကြီးချုပ်အနေဖြင့် သူ၏ ဆေးကုသရေးအဖွဲ့လမ်းညွှန်ချက်အတိုင်း နေထိုင်နေကြောင်း နှင့် အကောင်းဆုံး ပြုစုကုသမှုခံယူလျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့သည်။ဗြိတိန်နိုင်ငံ၌ လက်ရှိတွင် ကိုရိုနာဗိုက်းရပ်စ် ကူးစက်ခံရသူဘဦးရေမှာ ၅၁,၆၀၈ ဦး ရှိပြီဟုသိရသည်။ (Xinhua)  

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.